အပိုင်း(၉)

Mulai dari awal
                                    

"မွန်ဧကရာဇ်တဲ့ နာမည်လေးကနူးညံ့သလို လူကြည့်တော့လဲနူးနူး
ညံ့ညံ့လေး အေးလေ!သူ့လိုလူအသန့်ကြိုက်တာလဲပြောမနေနဲ့ ငါ့မျက်လုံးထဲမှာတော့ တမင်ယောက်ကျ်ားဆန်အောင်လုပ်ယူနေသလိုပဲ"

ကိုယ့်ကိုယ်ကိုတွေးချင်ရာတွေးပြီး ပြုံးလိုက်မိတော့ဧကရာဇ်မျက်လုံး
ပြူးကြည့်လျက်စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ထုတ်လိုက်ပြီး

"မင်းစီးကရက်သောက်တယ်မလား၊ ရော့..."

စီးကရက်ထိုးပေးလာတဲ့ဧကရာဇ်ကိုကြည့်ရင်း Karishခေါင်းခါလိုက်ကာ..

"နေပါစေ ကျုပ်မသောက်ဘူး ဘာလို့လဲဆိုတော့ ကျုပ်ကယောက်ျားစစ်ပြီးသားမို့စီးကရက်သောက်ပြီး ယောက်ျားဆန်အောင်လုပ်ယူစရာမလိုဘူးလေ"

"ဘာ!Wtf!မင်းဘာစကားပြောတာလဲ"

"ခင်ဗျားကလဲစိတ်ကြီးပဲ ကျုပ်ကဘယ်သူဘယ်ဝါပါလို့နာမည်တပ်ပြောနေလို့လားဗျ"

ဘာ!

Karishစကားကြောင့်ဧကရာဇ်ဒေါသငယ်ထိပ်တက်လာပြီး လက်ထဲက သောက်လက်စ စီးကရက်ကိုအမှိုက်ပုံးထဲလွှင့်ပစ်လိုက်၍

"မင်း ငါ့အိမ်လာပြီး ငါ့ကိုခနဲ့သလိုလို၊ရွဲ့သလိုလိုလာမလုပ်နဲ့နော်
မေဘေး ၊ စကားပြောတာကြည့်ပြော ဒီမှာစီးကရက်သောက်တာငါမရှိလို့ဘယ်သူရှိမှာလဲ"

ဧကရာဇ်စကားကြောင့်Karishကပုခုံးတွန့်လိုက်ပြီးနှုတ်ခမ်းတွန့်ပြုံးကာ

"ကျုပ်ဘယ်သူ့အကြောင်းမှပြောနေတာမဟုတ်ဘူး။ကျုပ်အကြောင်းကျုပ်ပြောနေတာလေ"

"မင်း အိမ်ပေါ်က ကန်ချမခံချင်ရင်ပါးစပ်ပိတ်နေလိုက်တော့"

Karishခေါင်းငြိမ့်လိုက်ရင်း အိတ်ကပ်ထဲတစ်စုံတစ်ခုကိုနှိုက်ထုတ်လိုက်ပြီး

"ရော့...ခင်ဗျားလိုနူးနူးညံ့ညံ့လေးက စီးကရက်နဲ့မသင့်တော်ဘူး၊အဲ့ဒီအစား ကျုပ်ပေးတဲ့ Lollypopလေးပဲစားပေါ့...ဟဟ"

ဒီမြေနိုးလေးကတကယ်ထိန်းမရတာပဲ။မဟုတ်မှငါ့ပုံစံကြောင့်ငါ့ကိုကြံချင်နေတာများလား။ကိုယ့်အတွေးနဲ့ကိုယ်လန့်သွားရင်းနောက်သို့ခြေလှမ်းဆုတ်လိုက်မိပြီး၊ချီးပဲ!ငါဘာတွေ တွေးနေတာတုန်းဟ။

Karishna &The Psychic Killer [ Completed ]Tempat cerita menjadi hidup. Temukan sekarang