Unicode
"တွေ့ပြီ...အချက်အလက်တွေရှာတွေ့ပြီ"
Lattopကိုင်လာရင်းပြောလိုက်တဲ့ရဲဝန်ထမ်းစကားကြောင့်
Karishခြေလှမ်းမြန်မြန်ရွှေ့လိုက်ပြီး Lattopဆီအကြည့်ရောက်သွားသည်။"ဒီလူကငယ်ငယ်ကတည်းကစိတ်ဝေဒနာရောဂါသည်ပဲ"
"ဟုတ်တယ်အကိုKarish ပြီးတော့ဒီမှာကြည့်လိုက်အုံး"
ရဲဝန်ထမ်းထပ်ပြလာတဲ့အချက်အလက်ကိုကြည့်လိုက်တော့
"သူ့အမေက သူ့အဖေကိုသတ်သွားတာတဲ့အမေကတော့ထွက်ပြေးလွတ်မြောက်သွားပြီး ကလေးပဲကျန်ခဲ့တာတဲ့၊အဲ့တာနဲ့အဲ့တုန်းကရဲတွေကလဲကလေးလဲဖြစ်စိတ်ဝေဒနာရောဂါသည်လဲဖြစ်တော့ ထောင်မချပဲစိတ်ကျန်းမာရေးဆေးရုံပို့လိုက်တာ"
"အဲ့တာဘယ်လိုဖြစ်လို့ ဆေးရုံကလွတ်လာတာလဲ"
"ကြည့်ရတာ အဲ့ဒီဆေးရုံက သူနာပြုမကလဲ အဲ့ကလေးအပေါ်နှိပ်စက်တယ်ထင်တယ်၊သူဆေးရုံကလွတ်သွားပြီး ပထမဆုံးသတ်တဲ့လူက သူ့အမေတဲ့ ပြီးတော့ စိတ်ကျန်းမာရေးဆေးရုံက သူနာပြုမလေးတဲ့"
ဘာ!
ပြောပြလာတဲ့ရဲဝန်ထမ်းစကားကြောင့်Karishအံ့သြမိပြီး ဧကရာဇ်အတွက်စိတ်ပင်ပိုပူလာသည်။
"ပြီးတော့အကိုKarishသိလား၊သူက ၃၄လမ်းထောင့်နဲ့မြို့စွန်နားကအမှိုက်ပုံနားမှာအလောင်းချထားခဲ့တဲ့လူသတ်သမားလို့ ထင်ကြေးပေးခံထားရတဲ့လူ"
ဘာ!
ဒီလူ ကိုယ့်အမေကိုပြန်သတ်ကတည်းက မိန်းမတွေအပေါ်ဘယ်လောက်နာကျည်းနေလဲသိသာ၏။ ပြီးတော့ဒါတင်မဟုတ် သူဟာငယ်စဥ်ကတည်းကစိတ္တဇဝေဒနာခံစားနေရတဲ့လူ။ဒီလိုလူကဧကရာဇ်ကိုဘာလုပ်ချင်သေးလို့ပြန်ပေးဆွဲသွားရတာလဲ။
"မဖြစ်ဘူး၊သူဧကရာဇ်ကိုပြန်ပေးဆွဲသွားတယ်၊မြန်မြန်ရှာမှဖြစ်မယ်၊ဒီထက်နောက်ကျရင် ဘာလုပ်လိုက်မလဲမသိနိုင်ဘူး၊သူ့မှာဖုန်းပါသွားတယ်၊တည်နေရာမြန်မြန်ရှာကြပါ"
Karishအသံတို့တုန်ယင်လာကာ အိတ်ကပ်ထဲက သွေးစွန်းနေတဲ့
Lollypopလေးကိုထုတ်ကြည့်လိုက်ပြီးမျက်ဝန်းတို့ကမျက်ရည်စများဖြင့်စိတ်ပူနေပါပြီ။ဒီလိုစိတ္တဇကောင်ရဲ့လက်ထဲမှာတော့ဧကရာဇ်
ကိုအဆုံးရှုံးမခံနိုင်သောကြောင့်....။
YOU ARE READING
Karishna &The Psychic Killer [ Completed ]