အပိုင်း(၁၃)

322 13 2
                                    

Unicode

"ကျွတ်...ကျွတ်...အား..."

အိပ်ယာကနိုးတာနဲ့နာရီကြည့်လိုက်တော့မနက်၈နာရီ၊ညကသောက်ထားတဲ့အရက်ရှိန်ကအခုထိမပြေသေးပဲ နားထင်နှစ်ဖက်ကကိုက်ခဲလာသည်။လက်ချောင်းတို့ဖြင့်နားထင်ကိုဖိချေနေလိုက်ပြီး ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့အပေါ်ပိုင်းအဝတ်ဗလာနှင့်ရင်ဘတ်တစ်ခုလုံးကုပ်ရာခြစ်ရာများအပြည့်ဖြင့် ဘောင်းဘီခါးပတ်ကပြုတ်လျက်။

"ဟင်!ညကငါဘာတွေဖြစ်ခဲ့တာလဲ"

ပြန်စဥ်းစားကြည့်တော့Karishလာသွားတာသာမှတ်မိလိုက်ပြီးနောက်ပိုင်းဘာမှမသိတော့။ရုတ်တရက်မတ်တပ်ထရပ်လိုက်တော့ခြေဖဝါးမှာစူးခနဲနာကျင်သွားလို့ငုံ့ကြည့်လိုက်တာနဲ့ညကတက်နင်းမိထားတဲ့ဖန်ကွဲစ။အခန်းထဲမျက်လုံးဝေ့ကြည့်လိုက်တော့ အကုန်လုံးကမနေ့ညကအတိုင်းရှင်းလင်းထားတာမရှိပဲရှုပ်ပွနေလျက်။

ထို့နောက် အရက်ပုလင်းနဲ့ဖန်ကွဲစများကိုရှင်းလင်းပြီးရေချိုးခန်းထဲဝင်၍ရေချိုးရန်ရေဖွင့်ပြီးမျက်ဝန်းကိုမှိတ်လိုက်တာနဲ့ပုံရိပ်ယောင်တစ်ချို့ကမျက်လုံးထဲပြန်မြင်ယောင်လာသည်။

"အား!ခင်ဗျားအခုချက်ချင်းလွှတ်"

"ခင်ဗျားကိုသတ်မယ်"

အသံတွေပြန်ကြားယောင်လာကာမျက်ဝန်းတွေဖွင့်လိုက်မိတာနဲ့
ရင်ဘတ်ကနွေးခနဲဖြစ်သွားပြန်သည်။

"Shit!ညကဘာတွေဖြစ်သွားတာလဲ၊ဘာဖြစ်လို့ဘာတစ်ခုမှမမှတ်မိရတာလဲ"

ရေချိုးပြီးတာနဲ့အဝတ်မြန်မြန်ဝတ်ပြီး စခန်းသို့သွားရန်သာ စိတ်စောလျက်။သေချာတာတော့ ညက သူတို့နှစ်ယောက်တစ်ခုခုဖြစ်ခဲ့ပြီ။
ဒါပေမယ့်အဲ့တာဘာလဲ။

**** ****
****

"ဧကရာဇ်"

"ရဲမှူးKarishရော Karishဒီနေ့မလာဘူးလား"

စခန်းသို့ရောက်တာနဲ့ရဲမှူးဆီသွားကာအပြေးမေးလိုက်မိခြင်း။ရဲမှူးကနားမလည်သောမျက်ဝန်းများဖြင့်ဧကရာဇ်ကိုကြည့်၍

"ဟင်....မနေ့က မင်းဆီကိုKarishသွားတွေ့မယ်လို့ပြောတယ်လေ
မင်းတို့နှစ်ယောက်မတွေ့ဖြစ်ဘူးလား"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now