အပိုင်း(၁၇)

325 15 0
                                    

Unicode

နစ်နာသူမိန်းကလေးကိုဆေးရုံပို့ပြီးစခန်းပြန်ရောက်တာနဲ့ ဧကရာဇ်ကိုမတွေ့တော့ အိမ်ယာကိုလိုက်လာတဲ့ရဲဝန်ထမ်းတွေဆီသွား၍

"ငါနဲ့အတူတူသွားတဲ့ တစ်ယောက်ဒီကိုပြန်မလာဘူးလား"

"ဗျာ"

Karishစကားကြောင့်ရဲဝန်ထမ်းလေးကြောင်သွားကာတစ်ခုခုကို
စဥ်းစားနေလိုက်ပြီး

"ဟို...ကျွန်တော်တို့ တိုက်ခန်းရောက်တော့ဘယ်သူမှမရှိဘူး။အဲ့တာကြောင့်အဲ့မှာရှိတဲ့ပစ္စည်းတွေပဲသိမ်းလာခဲ့တာ"

"သေချာလို့လား၊အခန်းနံပါတ်၁၀၁လေ၊သူသေချာပေါက်တိုက်ခန်းထဲနေခဲ့တာ"

"သေချာပါတယ်၊တိုက်ခန်းထဲမှာဘယ်သူမှရှိမနေဘူး"

Karishစဥ်းစားရကြပ်သွားသည်။ဧကရာဇ်စခန်းကိုပြန်မလာပဲ ဘယ်ကိုသွားတာလဲ။ထို့နောက် ကားဆီပြန်သွားပြီး တိုက်ခန်းဆီပြန်လာခဲ့သည်။

တိုက်ခန်းထဲရောက်တာနဲ့ဘယ်သူမှရှိမနေတော့ပဲ နေရာကိုလှည့်ပတ်ကြည့်လိုက်တော့ သွေးအနည်းငယ်စွန်းနေတဲ့Lollypopလေးမြင်တာနဲ့ Karishရင်တစ်ခုလုံးဗြောင်းဆန်သွားသည်။ မဟုတ်မှ လူသတ်သမားနဲ့တွေ့ခဲ့တာလား။မဖြစ်နိုင်လောက်ဘူး။လူသတ်သမားနဲ့တွေ့ခဲ့တယ်ဆိုရင်ရောဘယ်ကိုခေါ်သွားတာလဲ။

စခန်းပြန်ရောက်တာနဲ့ ရဲဝန်ထမ်းတစ်ဦးကိုခေါ်လိုက်ပြီး လူသတ်သမားအကြောင်းစုံစမ်းရန်ပြောလိုက်ချိန်မှာပဲ ဖုန်းဝင်လာတာကိုင်လိုက်တာနဲ့

"Hello"

"လူနာသတိရလာပြီလား အဲ့တာဆိုအခုပဲလာခဲ့မှာမို့ခဏစောင့်ပေးပါ"

ဆေးရုံရောက်တာနဲ့အရေးပေါ်လူနာခန်းသွားပြီးရှာလိုက်တာနဲ့ မိန်းက
လေးတစ်ယောက်ကသူ့ကိုကြည့်နေ၍ ထိုမိန်းကလေးဆီသွားလိုက်ပြီး

"သတိရလာပြီလား"

"ဟူတ်"

Karishလဲခေါင်းငြိမ့်ပြီးလူနာဘေးနားမှာဝင်ထိုင်၍

"အားတော့နာပါတယ်၊ကျွန်တော်မေးမြန်းချင်တာလေးရှိလို့ အမှန်အတိုင်းဖြေကြားပေးပါ"

Karishna &The Psychic Killer [ Completed ]Where stories live. Discover now