"ဟင်း...အချိန်ကအရာအားလုံးကိုဆုံးဖြတ်ပေးသွားမှာပါ"

"ပိုင်လိက ကြီးထွားမှုမြန်တယ် နတ်သွေးနဲ့မိစ္ဆာသွေးပေါင်းထားတဲ့ကလေးဖြစ်လို့ထင်တယ် ကြီးထွားမှုကတစ်သည်းတခြားဖြစ်နေတယ်"

"ပိုင်လိကို စာသင်ရတာအဆင်ပြေရဲ့လား"

"ဟင်း ပိုင်လိကိုစာသင်တဲ့နေ့က~~"
______

"ပိုင်လိ အခြေခံစာပေသင်ပြီးပြီးဆိုတော့ မိစ္ဆာနန်းဆက်အကြောင်းသင်ရမယ်.."

"ဟွန့် သင်ချင်ပါဘူး..ရုပ်ဆိုးဆိုးပုံကြီးတွေပဲြ​ြကည့်နေရတာ...ပိုင်လိကသင်စရာမလိုဘူး...တတ်မြောက်ပြီးသား"

"အဲ့တာဆို ဒီဆရာကမေးခွန်းတချို့ မေးမယ် ပိုင်လိမှန်အောင်ဖြေ"

"အွန်း...အွန်း"

"မိစ္ဆာမင်းဆက် ဘယ်နှစ်ဆက်လဲ သက္ကရာဇ်တွေပါအပါဖြေ ဘာမှော်ဝင်မိစ္ဆာကောင်ရောဆိုတာကိုပါ"

"ပထမင်းဆက်က ဟီရာ (ကျားသစ်)သက်တော်ငါးသိန်းမှာကံကုန်တယ်။ ဒုတိယမင်းဆက်က မူရာ(နွား) သက်တော်နှစ်ထောင်ထဲနဲ့ မိုးကြိုးနတ်သတ်လို့သေရတာ..ငယ်ငယ်နဲ့သေရတာစိတ်မကောင်းစရာပဲ။တတိယမင်းဆက်က အာဆာ (ကြံ့)သက်တော်နှစ်သိန်းနဲ့ မီးနတ်ဘုရားသတ်လို့သေရပြန်တယ်။နောက်ဆုံးမင်းဆက်က အန်းလဲ့ ပိုင်လိမားမားက (နဂါးနက်) သက်တော် အခုဆိုသုံးသိန်း"

သတ်ခဲ့တဲ့ နတ်ဘုရားတွေကိုပါ ပြောနိုင်ခဲ့တဲ့ပိုင်လိ။အခြေခံအရေးအသားသင်တာ နှစ်ရက်နဲ့တပ်မြောက်တဲ့ပိုင်လိ။ မိစ္ဆာဘုံတွင်နေထိုင်တာ တစ်ပတ်ပင်မပြည့်သေးသော ပိုင်လိကဒီပညာများကိုမွေးထဲကတတ်‌ေြမာက်တာလား?

"ပိုင်လိက မသင်ရသေးဘဲ ဘယ်လိုလို့သိနေတာလဲ"

"ပိုင်လိက ဉာဏ်ကောင်းတယ်လေ ပြီးတော့မိစ္ဆာတွေထဲမှာ အသက်အရှည်ဆုံးက ကျိုးလောင်ရှစ်လေ အိုလာပြီအသားအရည်ဂရုစိုက်အုန်း"

ပြောချင်ရာပြောပြီး ကော့ပတ်ကော့ပတ်နဲ့ထွက်သွားသောပိုင်လိ မိစ္ဆာဘုရင်ကလွဲ၍မည်သူမှ မထိန်းနိုင်သောပိုင်လိ..

_____

"ကျိုးလောင်ရှစ်က မအိုစာသေးပါဘူး..ဟား..ဟား"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now