အချပ်ပို - ၂ : ၃

5.3K 937 71
                                    

ဝမ်ရယ်နှင့်အရှင်မင်းမြတ် ကြွရောက်လာသည်ကို မြင်သောအခါ ရွှမ်းဝူတံခါးရှိ အစောင့်ရဲမက်များလည်း စိတ်သက်သာရာရသွားသည့်ဟန် သက်ပြင်းမောရှိုက်ထုတ်နိုင်ကြတော့သည်။ ထို့နောက် အရှင်နှစ်ယောက်အား  ကိုင်းညွှတ်နှုတ်ဆက်လိုက်ကာ ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြ၏။

ပိုင်ယွီကျွေမှာ စိတ်ညစ်ညူးနေဆဲဖြစ်သော်ငြား  ခေါင်းမော့ကြည့်လိုက်သောအခါ သွမ့်ပိုင်ယွဲ့အား တွေ့လိုက်ရသဖြင့် မျက်နှာကို အင်္ကျီလက်စနှင့်သုတ်ကာ သူငယ်ချင်းဖြစ်သူထံ အပြေးသွားရန် ပြုလိုက်သည်။ သို့သော် ရှီးနန်တပ်သားများက ဓားများထုတ်ကာ သူ့အား ဟန့်တားထားကြ၏။

ဘယ်လိုမှန်းမသိ၊ ရင်ထဲ တဆစ်ဆစ်နာကျင်ရပါတယ်။

"ဘာထပ်ဖြစ်ပြန်လို့တုန်း"

သွမ့်ပိုင်ယွဲ့က လက်ပြလိုက်ကာ အစောင့်များအား နောက်ဆုတ်စေလိုက်သည်။

သွမ့်ပိုင်ယွဲ့နောက်မှ လိုက်လာကာ ရွှေနဂါးဝတ်ရုံတော်ဝတ်ထားသည့် ပုဂ္ဂိုလ်အား မြင်လိုက်ရသောအခါ ပိုင်ယွီကျွေမှာ ဣန္ဒြေအမြန်ဆယ်ထားလိုက်ရသည်။

ချူယွမ် ပြုံးပြလိုက်၏။

"ရပါတယ်၊ လူကြီးမင်း။ ကိုယ်တော်မြတ် အားလပ်နေတာနဲ့ ကြုံကြိုက်နေတာမို့ နည်းနည်းပါးပါး လိုက်လာကြည့်တာပါ"

ပိုင်ယွီကျွေမှာ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်နေလျက်။ ဒူးထောက်ပြီး ဂါရဝပြုရမလား မလုပ်ရတော့ဘူးလားဟုလည်း ဝေခွဲမရ။ ထို့ကြောင့် သွမ့်ပိုင်ယွဲ့အား မျက်ဝန်းထောင့်မှတစ်ဆင့်သာ ခိုးကြည့်လိုက်ရသည်။

ဘာလို့ အရှင်မင်းမြတ်ကိုပါ ခေါ်လာတာလဲကွ !!!!!  ငါက တောသားကြီးပဲဆိုတာ မင်းလည်း သိနေတာပဲ။ ဒီလောက် ရာထူးဂုဏ်သိန်ကြီးမြင့်တဲ့လူကို လုံးဝမတွေ့ဖူးပါဘူးဆိုနေ။ 

သွမ့်ပိုင်ယွဲ့က သူငယ်ချင်းဖြစ်သူအား လက်သုတ်ပဝါ ကမ်းပေးလိုက်သည်။

"ကဲပါ၊ ကဲပါ။ မျက်လုံးတွေမျက်နှာတွေ အရင်သုတ်လိုက်ပါဦး၊ ပြီးရင် ဇာတ်​ရည်လည်အောင် ပြောပြကြည့်"

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now