အခန်း - ၁၅၃ ( နောက်တစ်ကြိမ် ရင်ဆိုင်တိုက်ခိုက်ခြင်း )

7.3K 1.5K 292
                                    

{ တောင်တမျှကြီးမားသော ဧရာမသင်္ဘော }

"အရှင်မင်းမြတ်၊ ဝမ်ရယ် "

ကျန်းမင်လွီ့က ဆေးခြင်းတောင်းကို ကိုင်ကာ အမြန်လျှောက်လှမ်းလာ၏။ ထိုနှစ်ယောက်ကိုမြင်သော် အမြန်ပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။

ချူယွမ် မေးလာ၏။

"ဒဏ်ရာရထားတဲ့တပ်သားတွေ ဘယ်လိုနေကြသေးလဲ"

"မှန်ပါ့၊ အခုတော့ အယောက်တိုင်းနီးနီးကိုစောင့်ရှောက်ကုသမှုပေးထားပြီးပါပြီဘုရား။ ဒဏ်ရာပြင်းထန်စွာရလိုက်တဲ့ တပ်သားသုံးရာလောက်ကလွဲရင် ကျန်တဲ့တပ်သားတွေက အခြေအနေ သိပ်မဆိုးကြပါဘူး။ မိန်းမပျိုအားလီနဲ့ သခင်လေးချွီးတို့ကလည်း ဆေးညွှန်းတစ်မျိုး ပေးလာပါသေးတယ်၊ ဝိညာဥ်ချုပ်သံစဥ္ကြောင့်ဖြစ်တဲ့ ရင်တုန်ခြင်းကို သက်သာလျော့ပါးစေပါတယ်တဲ့ဘုရား "

ချူယွမ် ခေါင်းညိတ်လိုက်သည်။

"မင်းလည်း ပင်ပန်းသွားပါပြီ၊ လုပ်စရာရှိတာ ဆက်လုပ်ပါလေ"

ကျန်းမင်လွီ့လည်း ကျေးဇူးတင်စကားဆိုလိုက်ကာ သင်္ဘောဝမ်းခန်းထဲသို့ အပြေးလေးထွက်သွား၏။ သွမ့်ပိုင်ယွဲ့က ဆိုသည်။

"စစ်သူကြီးရွှဲဆီ သွားဦးမလား"

"မနက်ဖြန်မှ သွားကြစို့၊ သူလည်း ပင်ပန်းနေလောက်ပြီ။ ခုချိန်ကြီး သူ့ဆီသွားလိုက်ရင် ဒီည သူအိပ်ရတော့မှာမဟုတ်ဘူး။ မင်းလည်း ငါနဲ့တူတူ နေရာအနှံ့ လိုက်စစ်ဆေးကြည့်ဖို့ အဖော်လိုက်ပေးရင် ရပါပြီ"

"အင်း၊ ရတယ်လေ"

ပင်လယ်ရေပြင်က လှိုင်းလေများမရှိဘဲ ငြိမ်သက်နေသည်၊ သို့သော် အတော်လေး ချမ်းစိမ့်အေးစက်လှ၏။ သွမ့်ပိုင်ယွဲ့က တစ်ဖက်လူအတွက် အပေါ်ဝတ်ရုံယူလာကာ ခြုံလွှမ်းပေးလိုက်သည်၊ ထို့နောက် နှစ်ယောက်သားယှဥ်တွဲကာ လှေငယ်လေးတစ်စင်းပေါ်တက်ပြီး စစ်သင်္ဘောတိုင်းအား လိုက်လံစစ်ဆေးကြည့်ကြသည်။ အနည်းငယ် မှောင်ရိပ်ကျသောနေရာသို့အရောက် ၊ စစ်သင်္ဘောကြီးတစ်ခုအား ငေးကြည့်နေသောချူယွမ်မှာ သတိလျော့ပါးနေစဥ် ပါးပြင်ထက် ခိုးနမ်းခြင်း ခံလိုက်ရလေ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now