အခန်း - ၁၅၆ ( လူကိုပြန်ပေးဆွဲပြီး စစ်ကူတိုက်ခိုင်းရင် ပိုမကောင်းလောက်ဘူးလား )

6.8K 1.5K 228
                                    

{ သာမန်ထက် သာလွန်ထူးကဲသော ကိုယ်ဖော့အတတ်နှင့် သိုင်းပညာ }

ထျဲန်းကျီးယာကျွန်းဝယ်။

သွမ့်ပိုင်ယွဲ့က အတွင်းအားများ ပြန်လည်စုစည်းကြည့်လိုက်သောအခါ နှလုံးအိမ်က ဆစ်ခနဲ နာကျင်သွား၏။ ချူရှိန့်၏ သိုင်းပညာက ပေါ့သေးသေးတော့မဟုတ်ခဲ့၊ ထိုနေ့ ပင်လယ်ရေထဲတွင် တစ်ဖက်လူ၏လက်ဖဝါးဖြင့် တွန်းထုတ်ခံလိုက်ရလေရာ မိမိ၏နှလုံးအိမ်ရှိ သိဒ္ဓိကြောများက အနည်းနှင့်အများတော့ ထိခိုက်သွားခဲ့သည်။ ထို့အပြင် ဤနေရာက တာ့ချူတပ်နှင့် မည်မျှအလှမ်းဝေးနေမှန်း သူမသိပေ၊ ထို့အပြင် လှေနဲ့ရိက္ခာလည်းမရှိချေ။ ထိုအကြောင်းကြောင့်ပင် မည်မျှစိတ်လောနေပါစေ အခွင့်အရေးရောက်လာဖို့သာ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။

ဒေါ်လေး(၃)က လူမှုဆက်ဆံရေး အတော်ပြေပြစ်ကာ တစ်နေ့တစ်နေ့ လုပ်စရာမရှိဘဲ အားလပ်နေလျှင် သွမ့်ပိုင်ယွဲ့နှင့် စကားလာလာပြောတတ်သည်။ လက်ထဲတွင်လည်း မြေပဲထည့်ထားသော ခြင်းတောင်းကိုကိုင်ကာ စကားလေးတပြောပြောနှင့် မြေပဲအခွံခွာနေတတ်ပြီး၊ သွမ့်ပိုင်ယွဲ့အခန်းထဲ လာလည်တိုင်း နေ့ခင်းပိုင်းလောက်မှ ပြန်သွားဖြစ်တတ်သည်။

"မင်းရဲ့ဇနီးလေးကို အဲ့လောက်တောင်ချစ်တာလား၊ ရုပ်ရည်လေးရော လှရဲ့လားဟင်"

သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်လိုက်သည်။

"ဟုတ်၊ လှပါတယ်"

ဒေါ်လေး(၃)က ပြုံးလိုက်၏။

"မင်းလိုလူမျိုးက ချစ်တဲ့မျက်စိနဲ့ကြည့်လို့ လှတယ်မြင်တာ။ ဒေါ်ကြီး ပွင့်ပွင့်လင်းလင်းပြောမိသွားတာမို့ ဗွေမယူပါနဲ့၊ မောင်ရင်ရယ်။ စားဖိုမှူးလုပ်တဲ့လူက ဘယ်လောက်ပဲ လှနိုင်မှာမို့လဲ။ ဒါပေမယ့် အကျည်းတန်တဲ့ဇနီးမယားကလည်း အနှိုင်းမဲ့ရတနာတစ်ပါးဖြစ်နိုင်သေးပါတယ်၊ အရမ်းလှနေရင်လည်း ဘဝက ဒုက္ခတွေ့ရတတ်တယ်"

သွမ့်ပိုင်ယွဲ့လည်း လိုက်ပြုံးမိ၏။

"ဒေါ်လေးပြောတာလည်း မှန်ပါတယ်"

"ဒီလိုခင်ပွန်းမျိုးရထားတာ မင်းရဲ့မယားက တယ်ကံထူးတာပဲ။ ဒီရက်ပိုင်းတွေဆို မင်း သူ့အကြောင်းချည်းပဲ မရပ်မနားပြောဖြစ်နေတာ "

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now