အခန်း - ၁၆၆ ( အစိုးရအမှုထမ်းဘဝကနေ နှုတ်ထွက်လိုက်ရင် ကောင်းမလား )

7.7K 1.6K 238
                                    

{ တကယ်ကို ကောင်းတဲ့နိမိတ်ပဲ }

ဘေးပတ်ဝန်းကျင်တွင် ပင်လယ်ရေလှိုင်းများက တစ်ချက်တစ်ချက်ရိုက်ခတ်လို့ နေသည်။ သွမ့်ပိုင်ယွဲ့ မျက်နှာကမူ အနည်းငယ်မဲ့သွား၏။ စောနက မိမိကများ နားကြားလွဲလေရော့သလား။ ထိုထူးထူးဆန်းဆန်းအသံက ယခု မရှိတော့ပြီ။

"နောင်တော်၊ နောင်တော် ဘာဖြစ်သွားသေးလဲ"

သွမ့်ယောင် စိုးရိမ်သွား၏။ သူ့နောင်တော်တစ်ယောက်တည်းကိုသာ ကြားရစေသော ဝိညာဥ်ချုပ်သံစဥ်တစ်မျိုးမျိုး​ဖြစ်နေမည်စိုးကာ၊  တစ်ဖက်လူ၏ ထောင်ချောက်ထဲ ကျရောက်သွားမည်ကို ကြောက်သွား၏။

သွမ့်ပိုင်ယွဲ့ ခေါင်းခါလိုက်သည်။

"ငှက်အော်သံနဲ့တူတယ်၊ ဒါပေမယ့် သိပ်တော့မသေချာဘူး။ ဘာမှမရှိတော့ပါဘူးလေ၊ ဆက်သွားကြစို့"

စစ်ကုန်းလွီ့ ခေတ္တမျှ တွေးကြည့်လိုက်သည်။ ထို့နောက် အဝတ်စနှစ်ခုဖြဲလိုက်ကာ နားထဲဆို့ထားလိုက်၏။

သွမ့်ပိုင်ယွဲ့ - "....."

စစ်ကုန်းလွီ့ - "ကြိုတင်ကာကွယ်ထားမှ တော်ကာကျမယ်"

"တစ်ဖက်ရန်သူက ငါ့ကို ဦးတည်တိုက်ခိုက်လာမယ်ဆိုတာ အဲ့လောက်သေချာနေသလားဟမ်"

"ရှိတဲ့လူ သုံးယောက်ထဲမှာ မင်းတစ်ယောက်တည်းကပဲ ကံအဆိုးဆုံးဖြစ်နေလို့လေ"

သွမ့်ယောင် - "...."

"ဒါပေမယ့် အဲ့အသံက နိမိတ်ဆိုးနဲ့မတူဘူးလို့ တော့ ငါထင်တယ်။ နားထောင်ကြည့်လိုက်တော့ ကြည်လင်ချိုမြနေတာပဲ။ ဇာမဏီ...ဇာမဏီငှက်နဲ့ တူနေသလိုပဲ"

စစ်ကုန်းလွီ့က အမြင်ကတ်လှသောရုပ်ကြီးဖြင့် ပြောလာ၏။

"မင်းလိုကောင်ကလား၊ ဇာမဏီငှက်ကို သိမှာ"

ဧကရီမယ်မယ်ဖြစ်ရတော့မယ်ဆိုတော့ ဇာမဏီငှက်သံကြားရသလေးဘာလေး ပြောနေသေးတယ်။ ဘာတွေတွေးနေလဲဟမ်။ ကိုယ့်ကိုယ်ကို ဆင်ခြင်နှိမ့်ချရမယ်မှန်းလည်း မသိဘူး။

သွမ့်ပိုင်ယွဲ့က ဓားအိမ်ထဲမှသည် ဓားကိုဆွဲထုတ်လိုက်သည်။ စစ်ကုန်းလွီ့က ချက်ချင်းပင် ကိုယ့်ကိုယ်ကို ကာကွယ်လိုက်၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now