အခန်း - ၁၅၂ ( ရေစက်ကြမ္မာဖန်လာသော် )

7.6K 1.6K 421
                                    

{ ခြေဦးတည့်ရာ လျှောက်လှမ်းသော်လည်း အဆုံးသတ်တွင် ပြန်ဆုံရမြဲ }

ထိုလှေငယ်လေးက လျင်မြန်စွာပင် ရောက်ရှိလာခဲ့သည်။ ချူယွမ် မဆိုထားနှင့်၊  တစ်ဖက်က လျိုကျင်တာသည်ပင် မူမမှန်ဖြစ်မှုကို ခံစားလိုက်ရကာ တစ်ဖက်လူက ကောင်းသောရည်ရွယ်ချက်ဖြင့် လာခြင်းမဟုတ်ဟု စိတ်ကသိနေသဖြင့် ထင်မှတ်မထားသောပြဿနာ ဖြစ်မလာစေရန်အလို့ငှာ လေးသည်တော်များအား လေးညှို့တင်ထားလိုက်စေသည်။ ဘာမပြောညာမပြော ရောက်လာသော ထိုနှစ်ယောက်ကို ကြားဖြတ်သတ်လိုက်ရန် ချိန်ရွယ်ထားလိုက်စေသည်။

လှေပေါ်ရှိ အမျိုးသမီးက အေးစက်တည်ငြိမ်စွာ ရယ်လိုက်ကာ - "ကိုယ့်အဆင့်အတန်းကိုယ် မသိဘူးပဲ"ဟု ရေရွတ်လိုက်သည်။

အမျိုးသားဖြစ်သူကမူ လျိုကျင်တာဘက်ကို လုံးဝမှုဟန်ပင်မရဘဲ ချူယွမ်ကိုသာ စိတ်ပါဝင်စားစွာ ကြည့်လာရင်း မှတ်ချက်ပြုလာသည်။

"ဒါက မင်းရဲ့နောင်တော် ဧကရာဇ်တဲ့လား၊ ကြည့်ရတာ ကိုယ်တို့ကို လူလွှတ်ပြီးကူပေးမယ့်ပုံပဲ"

"ဒီလိုအချိန်ကြီးထဲမှာ ရှင် ပြဿနာမရှာနဲ့ "

သို့နှင့် ထိုအမျိုးသမီးက ထိုအမျိုးသားကို ဆွဲခေါ်ကာ ဝေဟင်ပေါ် ခုန်တက်ပြီး ငွေရောင်လက်နေသောမြားဦးများကို ရှောင်တိမ်းလိုက်သည်။ ခြေဖျားက ဓားသွားပေါ် နင်းထားသည်မှာ ဝသုန်မြေပေါ် ရပ်နေရသည့်အလား။ ထို့နောက်မှာမှ တာ့ချူစစ်သင်္ဘောပေါ်သို့ ခိုင်မာစွာ သက်ဆင်းလိုက်ကြသည်။

ရဲမက်များက ဓားအိမ်များထဲမှ ဓားများကို ဆွဲထုတ်လိုက်ကြသည်၊ သို့သော် ချူယွမ်၏ ဟန့်တားလိုက်ခြင်းကို ခံလိုက်ရ၏။ ထို့အပြင် အလောတကြီး မပြုလုပ်ရန်လည်း ချူယွမ်က အချက်ပေးလာသည်။

"မေမေ !!!!! "

ရှောင်ကျင်းကျီက သင်္ဘောဝမ်းခန်းထဲမှ လွတ်ထွက်လာသည်။ ရှစ်ဇီက သူ့နားများကို ဝါဂွမ်းဖြင့်စို့ထားပေးရားသော်လည်း စိတ်က ကာယအားလောက် မစွမ်းနိုင်သည်မို့ ရှောင်ကျင်းကျီကို မထိန်းနိုင်ဘဲ ရှောင်ကျင်းကျီနောက်သို့သာ အမြန်လိုက်လာခဲ့ရသည်။ အပြင်ရောက်လာသောအခါ ထိုအမျိုးသမီးက ပြုံးလိုက်ပြီး ရှောင်ကျင်းကျီအား ချီယူလိုက်သည်ကို တွေ့လိုက်ရသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now