အခန်း - ၁၈၅ - အဆက်

8.6K 1.5K 445
                                    

"ဆင်းလာခဲ့"

မြို့ပြင်ဘက်ရှိ လမ်းဘေးတစ်နေရာတွင်ဖြစ်သည်။ ချူယွမ်က ဆက်ပြီးအော်ပြောလာ၏။

"တစ်ယောက်ယောက်လာတွေ့သွားရင် ကြည့်မကောင်းဘူးလို့"

"တွေ့သွားတော့ရော ဘာဖြစ်လဲ၊ ကိုယ့်ဇနီးလေးအတွက် သစ်သီးတက်ခူးနေတာကို လာတားမလို့လား"

ထို့နောက် သွမ့်ပိုင်ယွဲ့က သစ်ပင်ထက်မှ ခုန်ဆင်းလာသည်။ ထို့နောက် ဖုန်းအာသီးအခိုင်လိုက်ကြီးတစ်ခု လှမ်းပေးလာ၏။

"စားကြည့်၊ ဒီအသီးက ဒီရာသီချိန်မှာပဲရှိတာနော်"

ချူယွမ်လည်း ကိုင်ပေးထားလိုက်သည်၊ အနီရောင်နှင့်အဝါရောင်လေးများ ရောနေသော အသီးလေးများမှာ အတော်လေးပင်လှပနေ၏။

သွမ့်ပိုင်ယွဲ့က သစ်သီးတစ်လုံးကို ရေဖြင့်ဆေးကြောပေးလိုက်ကာ ချူယွမ်အား ခွံ့ကျွေးလိုက်သည်။

"ဖုန်းအာသီးလို့ ခေါ်တယ္၊ နာမည်က နည်းနည်းဆန်းပေမယ့် ဒီတောင်ပေါ်မှာ အရသာအကောင်းဆုံးအသီးလို့တောင် ပြောလို့ရတယ်"

"ဝမ်းအိုက်ချင်းအတွက်လည်း ယူသွားပေးပါဦး၊ တကယ်စားကောင်းတာပဲ"

"ခေါင်းဆောင်ကျောက်ရှိနေမှတော့ ဒီလိုစားကောင်းသောက်ဖွယ်လေးတွေကို အမတ်မင်းဝမ်းမစားရမှာ စိုးရိမ်နေတုန်းလား"

သွမ့်ပိုင်ယွဲ့က ပြောပြောဆိုဆို ချူယွမ်၏ နှုတ်ခမ်းများကို သုတ်ပေးလိုက်သည်။

"သွားပြီ၊ မနက်ဖြန်ကျ ရွှေမြို့တော်ကိုရောက်တော့မှာဆိုတော့ ဒီလိုမျိုး စိတ်လွတ်ကိုယ်လွတ် နေချင်တိုင်းနေလို့မရတော့ဘူး"

ဧကရာဇ်က လမ်းဘေးမှာ ဆောင့်​ေကြာင့်လေးထိုင်ပြီး ပေါက်စီရယ် တောတွင်းသစ်သီးတွေရယ် ထိုင်စားနေတာကို တခြားလူတွေလာမြင်ခွင့် လုံးဝမပြုနိုင်ဘူး။

ချူယွမ်လည်း တစ်ဖက်လူ၏အင်္ကျီဖြင့် လက်သုတ်လိုက်ကာ တောင်ပေါ်မှ အတူတူပြန်ဆင်းလာလိုက်သည်။ ထင်ထားသည့်အတိုင်းပါပေ ၊ ဝမ်းလျိုနျဲန်၏ဘေးနားတွင် ဖုန်းအာသီးအခိုင်လိုက်ရှိနေသည့်အပြင် မီးပုံနားတွင်လည်း ငါးနှင့်ပေါက်စီပါ ကင်ထားသေးသည်။ ထို့အပြင် မည်သည့်နေရာက သွားရှာလာမှန်းမသိရသော ပြောင်းဖူးနှစ်ခုသုံးခုပါ ရှိနေသေး၏ ။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now