အခန်း - ၁၅၇ { ပြန်လိုက်ခေါ်ခြင်း}

7.7K 1.6K 572
                                    

တာ့ချူတပ်ထဲတွင်ဖြစ်သည်။

ယဲ့ကျင်က ချူယွမ်အား စောင်ခြုံပေးလိုက်၏။ ထို့နောက်မှာမှ သင်္ဘောဝမ်းခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။

ရှန်ချန်းဖုန်းက ယဲ့ကျင်အား မေးလာသည်။

"အရှင်မင်းမြတ် စက်တော်ခေါ်သွားပြီလား"

ယဲ့ကျင် ခေါင်းညိတ်ပြလိုက်သည်။

"ဘာမှမဖြစ်ဘူး၊ စိတ်ငြိမ်ဆေး သောက်ခိုင်းထားလိုက်ပြီ။ မနက်ဖြန်နေ့ခင်းပိုင်းရောက်မှ နိုးလာမယ်ထင်တယ်"

ရှန်ချန်းဖုန်းက ယဲ့ကျင်အား အပေါ်ဝတ်ရုံခြုံလွှမ်းပေးလိုက်သည်။

"တစ်သက်လုံး ဒီလိုမျိုးပေးဖြစ်လို့တော့ မရဘူး"

"သူက ဧကရာဇ်ပါ၊ သူ ဘာလုပ်ရမလဲဆိုတာ သူသိတယ်။ ဘေးနားကလူတွေ အမျိုးမျိုးအဖုံဖုံပြောပါများရင် သူ့ကို ပိုပြီးစိတ်သောကရောက်စေလိမ့်မယ်။ တစ်ယောက်တည်း အေးအေးဆေးဆေး ပေးနေလိုက်တာလည်း ကောင်းပါတယ် "

ထို့နောက် ယဲ့ကျင်က မိမိဘေးနားရှိလူအား လက်ချင်းယှက်နွယ်လိုက်ကာ လှည့်ကြည့်လာ၏။

"ခင်ဗျားလည်း ဘာမှဖြစ်မသွားလိုက်နဲ့နော်"

ရှန်ချန်းဖုန်းက ယဲ့ကျင်အား ရင်ခွင်ထဲ ဖက်တွယ်ထွေးပွေ့ထားလိုက်၏။

"အင်း၊ ကိုယ် သဘောတူပါတယ်"

*****

နောက်တစ်နေ့မနက်ရောက်တော့ ယွဲ့လော်က သွမ့်ပိုင်ယွဲ့ဆီ ထပ်ရောက်လာပြန်၏။ သူမက အဝတ်အစားသစ်များ ဝတ်ဆင်ထားကာ ခေါင်းပေါ်တွင်လည်း ပန်းပွင့်များ ပန်ဆင်ထား၏။

သွမ့်ပိုင်ယွဲ့ မျက်နှာမဲ့သွားသည်။

"ခဏနေ အားချန်နဲ့သွားတွေ့မလို့လား"

"အင်း"

ယွဲ့လော် ခေါင်းညိတ်လိုက်သည်။ ထို့နောက် စိုးလည်းစိုးရိမ်၊ ရင်လည်းခုန်နေကာ သွမ့်ပိုင်ယွဲ့အား ဆက်​မေးလာသည်။

"သူနဲ့သွားမတွေ့ဖို့ ရှင် ထပ်မတားလောက်ပါဘူးနော်"

သွမ့်ပိုင်ယွဲ့ ရယ်မိသွားသည်။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now