အခန်း - ၁၅၁ ( မိစ္ဆာတေးသွား )

7.7K 1.6K 421
                                    

{ တူးနေရင်တောင် ကုန်အောင်စားရမယ် }

တပ်မကြီးက ကျောက်တန်းကျွန်းစုတွင် သုံးရက်ကြာ စခန်းချရပ်နားခဲ့သည်။ သို့နှင့် လေးရက်မြောက် နေ့ခင်းပိုင်းအရောက်တွင် ပျက်စီးသွားသော သင်္ဘောများကိုလည်း ပြုပြင်ပြီးစီးသွားကြောင်း ၊ ဒဏ်ရာရသွားသော တပ်သားများကိုလည်း ထိုက်သင့်သလောက် ဆေးကုသမှုရရှိပြီဖြစ်ကြောင်း၊ ထို့ကြောင့် စစ်မျက်နှာစာရင်ဆိုင်ဖို့ ဆက်လက်ချီတက်နိုင်ပြီဖြစ်ကြောင်း ရွှဲဟွိုင်ယွဲ့က လျှောက်တင်လာ၏။

"စစ်သူကြီးကို ပင်ပန်းစေမိပါပြီ"

ချူယွမ်က ရွှေနဂါးထိုင်ခုံတော်မှ ထလာရင်း ဆက်ဆို၏။

"ဒီရက်ပိုင်းမှာ အတော်လေး အိပ်ရေးပျက်ခဲ့ရလောက်တယ်၊ အရင်ပြန်သွားအိပ်လိုက်ပါဦး"

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား"

ရွှဲဟွိုင်ယွဲ့က နှုတ်ဆက်ထွက်ခွာတော့မည်အပြု ၊ တစ်စုံတစ်ခုကို သတိရလာဟန်ဖြင့် ထပ်ပြောလာ၏။

"အရှင်မင်းမြတ်၊ ဒီနေ့ ကျွန်တော်မျိုးနဲ့အတူ စခန်းတွေကို လိုက်လံစစ်ဆေးတော့ ရှီးနန်ဝမ် နေမကောင်းဖြစ်နေသလိုပါပဲဘုရား"

ချူယွမ် - "....."

ရွှဲဟိွုင်ယွဲ့ ချောင်းဟန့်လိုက်သည်။ မိမိ၏ အပြုအမူက နည်းနည်းတော့ပိုသွားသလားဟု ထင်သွားကာ နည်းနည်းလောက်ဖော့ပြောလာသည်။

"အစက ကျွန်တော်မျိုးလည်း မင်းသား(၉)ဆီ သွား​မယ်လုပ်ထားတာပါ၊ ဒါပေမယ့် ခုထက်ထိ လူကို ရှာမတွေ့သေးဘူး။ ဒါကြောင့် အရှင်မင်းမြတ်ဆီ အရဲစွန့်ပြီးလျှောက်တင်မိတာပါ"

ချူယွမ် လက်ပြလိုက်သည်။

"အင်း၊ သွားလို့ရပြီ။ ကိုယ်တော် သိပါပြီ"

ရွှဲဟွိုင်ယွဲ့လည်း သင်္ဘောဝမ်းခန်းထဲမှ ဆုတ်ခွာထွက်လာသည်။ အပြင်ရောက်သည်နှင့် သက်ပြင်း ဟင်းခနဲချလိုက်၏။ ထို့နောက် စစ်သူကြီးနားနေရာအခန်းသို့ အပြေးလေးထွက်သွားသည်။ စိတ်ထဲတွင်လည်း စောနက မိမိအား သရဲများဝင်ပူးလိုက်လေသလား၊ ထိုသို့သောကိစ္စမျိုးကို ဆင်ခြင်ခြင်းမပြုဘဲ အလောတကြီး ပြောရကောင်းလားဟု တွေးနေမိလေ၏။

ဧကရာဇ်ဗျူဟာ ( အဆက် )Where stories live. Discover now