Hotel ကလဲ ဇေရဲမာန် Share တွေဖြင့် ရှိနေတာ မန်နေဂျာ လဲ အသိဖြစ်သောကြောင့် ရောက်တာနဲ့ ပြာပြာသလဲဖြစ်နေလေသည်။

အခန်းထဲရောက်တာနဲ့ ရေချိုးခန်းထဲ ပြေးသွားသူကြောင့် ဇေရဲမာန် အံ့သြရသည်။
ခုနကပဲ မိမိချီလာရတဲ့သူက ခုတော့ အကောင်းတိုင်းလိုလိုပင် ပြေးသွားတာလှစ်ခနဲ.....

"ကဲ....ကလေး...ထွက်လာခဲ့နော်"
"ခဏလေးကိုကို...သား..."

အလိမ်ပေါ်သူလေးမှာတော့ အပြင်မထွက်ရဲတော့ ဒီကိစ္စက ဖြစ်ဖူးတယ်ဆိုသော်လဲ ခုက ကိုကို့ပုံစံမှာ နည်းနည်းလေး သွေးရဲနေသလိုပင်။

အပြင်က အသံတိတ်သွားမှ တံခါးကိုလှပ်ကာ ချောင်းကြည့်တော့ လက်ကိုအလစ်ဆွဲခံလိုက်ရလေသည်။

"ကို..ကို..."
"ဟားးး....မိပြီ....လာခဲ့..."

ပွေ့ကာ ချက်ချင်းပဲ ကုတင်ပေါ်ခေါ်သွားလိုက်သည်။
"ကဲ...ဆိုပါဦး....ဘာလို့ခုလို ကိုကို့ကို နောက်တာလဲ"

ကုတင်ပေါ်တွင် လပြည့်ဝန်း ကို ထိုင်စေပြီး အောက်တွင် ဇေရဲမာန် က ဒူးတစ်ဖက်ထောက်ကာ ထိုင်နေသည်။

"သူ့ကိုတမင်လုပ်တာ"
"ဘယ်သူ..."

"မြင့်မိုရ်ရိပ်...သူက ကိုကို့ကို အရမ်းကပ်တယ်...ပြီးတော့ သားသိနေတယ်သိလား။ သူကကိုကို့ကို စိတ်ဝင်စားနေတာ ဒါကြောင့် တမင်သားလုပ်ပြတာ"
"ဒါဆို မမူးဘူးပေါ့" သောက်ထားတဲ့စံနှုန်းအရ အနည်းငယ်တော့မူးနေပင်မဲ့ လပြည့်ဝန်း အဆင်ပြေသေးသည်။

"နည်းနည်း... "
"ကိုကို စိတ်ဆိုးတယ်။"

ဇေရဲမာန် ထသွားကာ ကုတင်တစ်ဖက်စွန်းတွင် သွားထိုင်လေသည်။
ဒီတစ်ခါချော့ရသူမှာတော့ လပြည့်ဝန်း ပင်။

"ကိုကို..သားကိုမလိုချင်တော့ဘူးလား"
"...."

"ပူလိုက်တာ"
အင်္ကျီတွေချွတ်ပြစ်နေသောကောင်လေးကြောင့် ဇေရဲမာန် မှာ ဘယ်သည်းခံနိုင်ပါအံ့။

ခါးလေးကနေဆွဲဖက်ကာ ကုတင်ပေါ်သို့လှဲစေပြီး အပေါ်ကနေ အုပ်မိုးလိုက်ကာ...
"ကိုကို့ကို စမ်းတယ်ပေါ့...ရွှတ်"

ပါးလေးတွေကို မွှေးကြူတော့ တခစ်ခစ်နဲ့ ရယ်ရှာသည်။
လပြည့်ဝန်း မှာဘောင်းဘီသာရှိတော့တာကြောင့် ဇေရဲမာန် ဆွဲချွတ်လိုက်လေသည်။

Near the love (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ