အပိုင်း(၂၃.၂)

Start from the beginning
                                    

လင်းကျစ်ရန်သည် ခေါင်းငြိမ့်ပြလိုက် ပြန်၏ ။လီယဲ့က စကားနည်းသည် ။ လူအများ၏ အနိုင်ကျင့်ခံရသောကြောင့် လူကြောက်တတ်သည် ။ ထို့ကြောင့်သူဟာ မူယန့်အရှေ့တွင် နေရခက်နေလိမ့်မည်ပေ ။

ဒီလို role play ဂိမ်းများတွင် ဇာတ်ကောင်စရိုက်က နံပါတ်တစ်ဦးစားပေးပင် ။ မူရာကျူး၏ ပျော့ပျောင်းသောအသံက အိမ်အတွင်းမှရုတ်တရတ်ထွက်ပေါ်လာသည် ။ သူမကချောင်းဆိုးရင်း ။

" ယဲ့အာ..ပြန်လာပြီလား "

လင်းကျစ်ရန်သည် အထဲသို့ဝင်လာလိုက်သည် ။ မူရာကျူး၏ ကျန်းမာရေးသည် လတ်တလောပိုင်းတွင် ပိုဆိုးလာ၏ ။ လင်းကျစ်ရန်ဟာ သူမ၏ရင်ဘက်ပေါ်တွင်သွေးများစွန်းနေသည်ကိုမြင်သော် ရုတ်တရတ်စိတ်ပူသွားပြီး သူမဘေးသို့အလျင်အမြန်သွားလိုက်ကာ ။

" အမေ..ဘာဖြစ်တာလဲ "

မူရာကျူးက အသာပြုံး၏ ။

" ဘာမှမဖြစ်ပါဘူး..ရောဂါဟောင်းပါ "

သို့သော် လင်းကျစ်ရန်မယုံ ။ သူမ လီယဲ့ကိုမွေးတော့ အလွန်ပင်ပန်းခဲ့သည် ။ ပြီးတော့ ဒီနှစ်များအတွင်း အစားလည်းကောင်းကောင်းမစားရသလို ဆေးကုဖို့လည်းငွေမရှိ ။ ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ရမှာလဲ ။

မူယန်သည် လင်းကျစ်ရန်အနောက်မှလိုက်ဝင်လာပြီး မူရာကျူးကိုပြုံးပြလိုက်သည် ။

" ကျွန်တော် တစ်ချက်လောက်ကြည့်ပေးရမလား "

မူရာကျူးသည် မူယန့်ကို အံ့သြစွာကြည့်လိုက်၏ ။ ဒီနှစ်တွေအတွင်း ဒီလူငယ်မှာ သူတို့အိမ်ထဲသို့ ကိုယ့်သဘောနှင့်ကိုယ် ဝင်လာချင်သည့်ပထမဆုံးပြင်ပလူပင် ။ ဒီလူငယ်မှာချောမောပြီး သာမန်အဆင့်အတန်းမဟုတ်ကြောင်းလည်း ထင်ရှားလှ၏ ။ သူက ဘာလို့ရောက်လာတာလဲ ။

လင်းကျစ်ရန်ဟာ သိပ်မတွေးပေ ။ သူမ မူယန်ကို ဆေးဆရာနှင့်အထင်မှားမည်ဆိုးသဖြင့် အလျင်အမြန်ရှင်းပြလိုက်၏ ။

" အမေ..သူက သား သူငယ်ချင်း မူယန်ပါ..သူ့ကို ကြည့်ခိုင်းလိုက်ပါလား "

မူရာကျူး၏ မျက်ဝန်းများက ပြောင်းသွားပြီးတစ်ခုခုကိုတွေးနေပုံရသော်ငြား ၊ အလွန်စိတ်အေးလက်အေးရှိနေသည့် လင်းကျစ်ရန်ကိုသာ ကြည့်လိုက်၏ ။ ထို့နောက် မူယန်ဆီသို့ ညာလက်ကို ကမ်းပေးရင်း ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now