Extra Side Story Episode 14

4.3K 377 42
                                    

အချပ်ပို အပိုင်း ၁၄

Eric တစ်ယောက် ကိုRicky ၏ ရင်ခွင်ထဲတွင် တစ်မိနစ် ကြာအောင်တောင် မနေလိုက်ရရှာပါပေ ။
ရုတ်တရက် ရင်းနှီးနေသော အသံက သူတို့နှစ်ယောက်ကြားထဲက လေထုကို မသက်မသာ ​ဖြစ်သွားစေလေသည် ။

" မင်း... မင်း Eric ကို လွှတ်လိုက်စမ်း... "

ဤအသံကြီးက ဦးဇဏ်၏ အသံပင်ဖြစ်သည် ။
ဦးဇဏ်အသံကို ခွေးဆွဲသွားလျှင်တောင် သူ အလွတ်မှတ်မိနေသည် ။
ဦးဇဏ်အသံက အရင်ကလိုပင် အမိန့်ပေးသံဆန်ဆန် ဖြစ်နေဆဲပင် ။

" ခင်ဗျားက ဘယ်သူလဲ ... ဘာကိစ္စ ကျွန်တော့်ကို အမိန့်လာပေးနေရတာလဲ... "

ကိုRicky က သူ့ကို ရင်ခွင်ထဲ ပွေ့ထားရင်းက ဦးဇဏ်ဘက်ကို လှည့်ကာ မကျေမနပ် မေးလိုက်သည် ။
ဦးဇဏ်က သူနှင့် ကိုRicky ကို မည်းမှောင်နေသော မျက်ဝန်းများနှင့် စိုက်ကြည့်ပြီး ဆိုလာလေသည် ။

" ငါက Eric ရဲ့ အုပ်ထိန်းသူပဲ... "

" ဘာကို အုပ်ထိန်းသူလဲ... Ericရဲ့ ပျောက်သွားတဲ့ ဘကြီးတွေ ဘာတွေ ပြန်ပေါ်လာတာလား... "

Ricky က ဇဏ်မင်းမောင်ဘက်ကို လှည့်ပြီး မထီတရီ မေးလိုက်သည် ။
Eric ကတော့ Ricky ၏ ရင်ခွင်ထဲမှ ရုန်းပြီး မတ်တပ်ရပ်လိုက်သည် ။

" ကိုကြီး Ricky... ကျွန်တော့်မှာ ဘာအုပ်ထိန်းသူမှ မရှိဘူး... "

ဦးဇဏ်က သူ့ကို စူးရဲစွာ ကြည့်လာပြီး ရေစပ်နားသို့ ရောက်လာလေသည် ။

" မင်းအဖေကို ငါ ကတိပေးထားတယ်လေ... ဘယ်လိုအ​ခြေအနေပဲ ဖြစ်ဖြစ် မင်းကို ဂရုစိုက်မယ်လို့... "

" မလိုပါဘူး ဦးဇဏ်... ကျေးဇူးတင်ပါတယ်... "

Eric ဦးဇဏ်ကို တည့်တည့်မကြည့်ဘဲ မျက်နှာလွှဲကာ အေးစက်စက်သာ ပြောလိုက်သည် ။

" လာ... ငါနဲ့ ပြန်လိုက်လာခဲ့... "

ဦးဇဏ်က ရေထဲဆင်းလာပြီး သူ့ကို လက်က လာကိုင်ကာ ဆွဲလေသည် ။
သူ ဦးဇဏ်၏ လက်ကို ချက်ချင်း ပြန်ရုန်းလိုက်သည် ။

" မလိုက်ဘူး... မလိုက်ဘူး... ကျွန်တော် ဒီမှာပဲ နေမှာ... "

" Eric... ပေါက်ကရတွေ လုပ်မနေနဲ့ကွာ... မင်းပျောက်သွားလို့ ငါ့မှာ ဘယ်လောက်တောင် လိုက်ရှာခဲ့ရလဲ.. မင်းသိရဲ့လား... "

I accidentally became a Villain Prince (Completed) Where stories live. Discover now