Episode 53 (U+Z)

5.8K 530 155
                                    

အပိုင်း ၅၃

ဆရာဝန်က Eric ၏ ဓားဒဏ်ရာကို ချုပ်ပေးပြီးနောက် ဓာတ်မှန်ရိုက်ကာ အရိုး၏ အခြေအနေကို ကြည့်လေသည် ။
Eric ၏ လက်က အရိုးအက်သွားလေသောကြောင့် ကျောက်ပတ်တီး စည်းလိုက်ရသည် ။
Eric လက်ကို ကျောက်ပတ်တီး စည်းနေတုန်း ကိုဇဏ်က ပြန်ရောက်လာလေသည် ။

" နေနေ... အဆင်ပြေလား... "

" ကျွန်တော်က အဆင်ပြေတယ် ကိုဇဏ်... Eric ကတော့ ကျောက်ပတ်တီး စည်းလိုက်ရတယ်... "

" ကျောက်ပတ်တီးစည်းရတယ်... ဟုတ်လား... "

ကိုဇဏ်က Eric ၏ ဒဏ်ရာကို စိတ်ပူစွာ ကြည့်လိုက်သည် ။
Eric ကို မိုးသောက်ကြယ် တွန်းလိုက်ကြောင်းကို ကိုဇဏ့်တပည့် တစ်ယောက်က ပြောပြလိုက်ချိန်တွင်တော့ ကိုဇဏ် ဒေါသတကြီး ထဆဲတော့သည် ။

" ငါလူး... ဒီကောင်က ငါနဲ့ပတ်သတ်သမျှ လူတွေကို အကုန် ဒုက္ခလိုက်ပေးနေတာပဲ... ငါနဲ့ ဒီကောင်နဲ့ တွေ့မယ်... "

" ဦးဇဏ်.... စိတ်လျှော့ပါဦး... ဦးမိုးသောက်ကြယ်ကြောင့်ချည်းပဲလည်း မဟုတ်ပါဘူး... နဂိုထဲကလည်း လက်က ဓားဒဏ်ရာကြောင့် အခြေအနေ မကောင်းတာပါ.... "

Eric က ကျန်လက်တစ်ဖက်ဖြင့် ကိုဇဏ့်ကို အတင်း ဆွဲထားတော့မှ ကိုဇဏ်က စိတ်လျှော့သွားတော့သည် ။
ထို့နောက် Eric လက်က ဒဏ်ရာကို ကြည့်ပြီး စိတ်ပူစွာ ပြောလာသည် ။

" နာနေသေးလား... "

" ဦးဇဏ်က ကျွန်တော့်အတွက် စိတ်ပူပေးနေတာ တွေ့ရတော့ နည်းနည်းလေးမှတောင် မနာတော့ဘူး...ဟီးဟီး... "

Eric က ဒဏ်ရာရနေတာတောင်မှ အီစီကလီလုပ်ပြီး မျက်နှာပြောင်နေနိုင်သေးသည် ။
ကိုဇဏ်က Eric ကို နဖူးတောက်ချလိုက်လေသည် ။

" မနာဘူးဆိုရင် နာအောင် တောက်ပေးမယ်.... မင်း ရူးနေလား... ဓားကို တွေ့တဲ့ဟာကို ဘာလို့ အတင်း ပြေးဝင်လာတာလဲ... "

" ကျွန်တော်က ဦးဇဏ် တစ်ခုခု ဖြစ်သွားမှာ စိုးလို့လေ... အကောင်းနဲ့လည်း ကူပေးရသေးတယ်... နဖူးတောင် အတောက်ခံနေရတယ်... အား... လက်က နာလိုက်တာ... "

ကိုဇဏ်က Eric လက်ကို ထိန်းထားပေးပြီး တကယ် နာသွားလားဟု စိတ်ပူသွားပုံရလေသည် ။
ထို့နောက်မှ ဆက်ပြောလာသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now