Episode 33 (U+Z)

7.3K 715 143
                                    

အပိုင်း ၃၃

နောက်ဆုံးတော့ ဒီနေရာမှာ သူ တစ်ယောက်ထဲ အထီးကျန်ပြီး ကျန်ခဲ့ရတာပါပဲလားဟု ခန့်လင်းအောင် တွေးလိုက်မိသည် ။
သူနာပြု တစ်ယောက်ရယ် ၊ အပြင်မှာ သူ့ကို စောင့်ကြည့်နေသော သက်တော်စောင့် လေးယောက်ရယ် ၊ သူ့ဘဝက အကျဥ်းချခံထားရသည်နှင့်ပင် ခြားမနေတော့ ။

မိုးသောက်ကြယ်ကတော့ ယခုညတွင် ညည့်ခေတ်ယံကို ရင်ခွင်ထဲ ထားပြီး အိပ်နေတော့မည် ။
ထိုအချိန်တွင် သူကတော့ ဆေးရုံတွင် တစ်ယောက်ထဲ အထီးကျန်နေရရှာသည် ။
သောက်ရမ်းကို မတရားလိုက်တာ ။
သူ စိတ်နာစွာပင် system ကို ကျိန်ဆဲလိုက်မိသည် ။

' ဟေ့ရာင်... guide ကောင်... '

' ဘာတုန်း human ရ... '

' ငါလေ... ဒီ mission တွေ မလုပ်ဘဲ ဒီ system ကနေ ထွက်လို့ ရမယ့် အကြောင်းရင်း မရှိဘူးလားဟင်... '

' အာ... ကျိန်းသေပေါက် ရှိတာပေါ့.... '

' ဟင် တကယ်လား... ငါ့ကို ပြောစမ်းပါဦး... '

သူ စိတ်ဝင်စားသွားကြီး အားတက်သရော မေးလိုက်မိသည် ။

' အဲ့တာက ဟူးမန်း ဒီ system ထဲမှာ သေသွားရင် ဒီကနေ ထွက်လို့ရပြီ ... ဒါပေမယ့် ဝိဉာဥ်ကတော့ ဟိုဘက်ကမ္ဘာကို ပြန်မရောက်ဘဲ လေလွင့်ဝိဉာဥ်အဖြစ်နဲ့ပဲ ရှိနေတော့မှာ... '

' ချီး... ငါက အဲ့တာကို မသိဘဲ နေမလား... '

' သိရင်လည်း ဘာလို့ လာမေးနေသေးလဲ... '

' ကောင်းကောင်းမွန်မွန်နဲ့ ထွက်လို့ရမယ့် တခြား နည်းလမ်းများ ရှိဦးမလား သိချင်လို့လေ... '

' ဟဲဟဲ... မရှိဘူး... '

' သောက်ချီးဂိုက်... မင်းကို ယုံစားပြီး မေးမိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်တော့မယ်... '

သူ ဂိုက်ကောင်ကို ဆဲလိုက်ပြီး တစ်ဖန် စိတ်ဓာတ်ကျကာ ငြိမ်သက်သွားမိသည် ။

' စိတ်ဓာတ်မကျပါနဲ့ ဟူးမန်းရာ... အခုတောင် ခွင့်လွှတ်ခြင်း ပွိုင့် တစ်မှတ် ရပြီးပြီပဲကို... '

' အင်း... မင်း ပြောတာလည်း မှန်တာပဲနော်... တစ်မှတ်ရပြီးမှတော့ နောက်ထပ် ၆မှတ် ဆိုတာလည်း သိပ်ခက်မှာ မဟုတ်တော့ပါဘူး... '

I accidentally became a Villain Prince (Completed) Where stories live. Discover now