Extra Side Story Episode 3

3.8K 329 55
                                    

အချပ်ပို အပိုင်း ၃

တစ်ရက်တွင်တော့ ဦးဇဏ်နှင့် သူ့ချစ်သူ နေနေ ဆိုသူတို့ ဆေးရုံတွင် တိုက်ရိုက် ဆုံမိကြသည် ။
ထိုနေ့က ဦးဇဏ်က မနက်ပိုင်း အလုပ်မရှိသောကြောင့် Eric ကို ဆေးရုံ တစ်ခုသို့ လိုက်ပို့ခိုင်းခဲ့ခြင်းဖြစ်သည် ။
ဦးဇဏ်ကို ကြည့်ရသည်မှာ ဆေးရုံတကာကို ပတ်ရှာနေရခြင်းအား ငြီးငွေ့ပုံ မပေါ်သော်လည်း သူ့မှာတော့ အတော်လေး ငြီးငွေ့နေပြီ ဖြစ်သည် ။

" နားရက်လေး ရတုန်း အိမ်မှာပဲ နားပါလား ဦးဇဏ်ရာ... "

သူ အားမလို အားမရ ပြောမိတော့ ဦးဇဏ်က ခေါင်းခါပြလာသည် ။

" မင်း နားချင်ရင် အိမ်မှာ နေခဲ့လေ... ငါ့ဘာသာငါပဲ သွားလိုက်မယ်... "

ဒီလိုဆိုတော့လည်း ဦးဇဏ်ကို ဆေးရုံတကာ ပတ်ပြီး ကားမောင်း၍ လိုက်ရှာနေရမည်ကို သူ မမြင်ရက်နိုင်ပြန်ပေ ။
နောက်ဆုံးတော့ သူသာ စိတ်လျှော့လိုက်ရသည် ။

ထိုနေ့က ဆေးရုံတစ်ရုံတွင် သွားရှာပြီးနောက် ကားဆီသို့ စိတ်ပျက်လက်ပျက် ပြန်လာသော ဦးဇဏ်ကို တွေ့ပြီး တစ်ခုခုတော့ မူမမှန်နေကြောင်း သူ ရိပ်မိခဲ့သည် ။

" ဘာဖြစ်လာလို့လဲ ဦးဇဏ်... "

" ငါ... ငါ သူ့ကို တွေ့ခဲ့တယ် Eric... "

ဦးဇဏ်၏ အသံက ပုံမှန်ထက်ပို၍ တုန်လှုပ်နေသလိုပင် ။

" သူ့ကို တွေ့ခဲ့တယ် ဆိုရင် ဦးဇဏ် ပျော်နေရမှာ မဟုတ်ဘူးလား... အခု အဲ့သည့် နေနေဆိုတဲ့သူက ဘယ်မှာလဲ... "

ဦးဇဏ်က သက်ပြင်းကိုသာ လေးပင်စွာ ချရင်း ခေါင်းကို ရမ်းနေအောင် ခါလိုက်လေသည် ။

" သူ... သူ ငါ့ကို အတွေ့မခံဘူး... ငါ့ကို တွေ့တာနဲ့ ထွက်ပြေးသွားခဲ့တယ် Eric... "

" သြော်... "

သူ ဘာမှ မှတ်ချက်မပေးဘဲ ငြိမ်သက်စွာသာ နေပေးလိုက်သည် ။
ဦးဇဏ်က သူ့ကို ရင်ဖွင့်သလို ပြောလာသည် ။

" သူနဲ့ တွေ့ခဲ့တဲ့ ဆရာဝန်ကိုလည်း ငါတွေ့လာတယ်... အတိတ်ကို သတိမရစေတဲ့ဆေး... ကိုယ်ဝန်မရစေတဲ့ဆေး... အဲ့ဆေးတွေကို သူက ဘာလို့ လိုအပ်နေရတာလဲ... သူ့ကို ငါ နားမလည်တော့ဘူး Eric ရာ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now