Extra Side Story Episode 9

3.2K 310 26
                                    

အချပ်ပို အပိုင်း ၉

သို့သော်လည်း သိပ်မကြာသည့် အချိန်တစ်ခုတွင် ဦးနေတာရာသည် သူတို့ အိမ်သို့ နောက်တစ်ကြိမ် နေထိုင်ရန် အကြောင်းဖန်လာခဲ့လေသည် ။
ထိုတစ်ကြိမ်တွင်မူ ဦးနေတာရာသည် အိမ်ထောင်သည် တစ်ယောက် မဟုတ်တော့ပေ ။
ဦးမိုးသောက်ကြယ်နှင့် တရားဝင် ကွာရှင်းပြီး လူလွတ်တစ်ယောက် ဖြစ်နေခဲ့လေပြီ ။

ဦးနေက ဒီတစ်ခါတွင်တော့ ဦးဇဏ်၏ စီစဥ်ပေးမှုဖြင့် သူ နေနေသည့် ဦးဇဏ်အခန်း၏ ဘေးချင်းကပ် အခန်းကို နေရမည် ဖြစ်လေသည် ။
သူကိုယ်တိုင်ကတော့ အောက်ထပ်ရှိ အခန်းကို ပြောင်းလဲ အသုံးပြုရလေမည် ဖြစ်သည် ။

အစကတော့ သူ့အခန်းကို ဖယ်ပေးချင်စိတ်မရှိခဲ့ပေ ။
ဤအခန်းသည် ဦးဇဏ်၏ ဘေးချင်းကပ် အခန်း ဖြစ်သည့်အပြင် သူ အိမ်သို့ စရောက်စဥ်ကတည်းက နေလာခဲ့သည့် အခန်းလည်း ဖြစ်သည် ။
ထို့ကြောင့် ထိုအခန်းမှ ဖယ်ပေးဖို့ရာကို သူ တွန့်ဆုတ်ခဲ့ရလေသည် ။

သို့သော်လည်း နောက်ဆုံးတွင်တော့ ထိုအခန်းက အစကတည်းက သူ့အတွက် မဟုတ်မှန်း နားလည်သွားခဲ့သော Eric တစ်ယောက် ထိုနေရာမှ ဖယ်ပေးခဲ့သည် ။

ထို့နောက်တွင်မူ ဦးဇဏ်နှင့် ဦးနေတို့၏ အခြေအနေသည် သူ ထင်ထားသည်ထက် ပိုမို၍ တိုးတက်လာခဲ့ကြလေသည် ။
ဦးဇဏ်နှင့် ဦးနေတို့ ပိုမို၍ နီးစပ်သွားသည်ကို မြင်လေလေ... သူ့မှာ ပို​၍ ရင်နာရလေလေ ဖြစ်သည် ။
ထိုသူနှစ်ယောက် အကြားတွင် သူ ဝင်ဖို့နေရာ မရှိသလောက်ဖြစ်ခဲ့ရသည့်အပြင် သူက လူပိုတစ်ယောက်အဖြစ်သာ ရှိခဲ့လေသည် ။

" ဦးဇဏ်... ကျွန်တော် ဦးဇဏ်တို့အတွက် ထမင်းဟင်း ချက်ထားတယ်... "

" ရတယ် Eric... မင်းဘာသာမင်းပဲ စားလိုက်တော့... ငါ အပြင်မှာပဲ နေနေနဲ့ တူတူ သွားစားလိုက်တော့မယ်... "

" ဒါပေမယ့် ကျွန်တော် ဦးဇဏ် ကြိုက်တဲ့ဟင်းတွေချည်းပဲ ရွေးချက်ထားတာလေ... "

ဦးဇဏ်က သူ့ပုခုံးကို ဖက်ပြီး သူ့အနား တိုးတိုးကပ်ကာ ပြောလာခဲ့သည် ။

" အလိုက်သိစမ်းပါကွ Eric ရ... အခုက နေနေ့ကို ရအောင် ပြန်လိုက်နေရတာလေ... သူနဲ့ အတူတူ ရှိမယ့် အချိန်ကောင်းလေးတွေလည်း ဖန်တီးရဦးမှာပေါ့... "

I accidentally became a Villain Prince (Completed) Where stories live. Discover now