အပိုင်း ၅၉ Final Episode
ဒေါ်လင်းသီရိက သူ့ကို ခပ်စိမ်းစိမ်းသာ ကြည့်လာသည် ။
သူမ ပုံစံကို ကြည့်ရသည်မှာ သူ့ကို အလွယ်တကူ ခွင့်လွှတ်နိုင်မည့်ပုံ မပေါ်သေးပေ ။
သူ ရိုးကျိုးစွာသာ စကားကို စတင်လိုက်ရသည် ။" ကျွန်တော့်ဘက်က အမေတို့ မိသားစုအပေါ် အများကြီး မှားခဲ့တာတွေ ရှိပါတယ်... ပြီးတော့ ကိုမိုးသောက်ကြယ်ကိုလည်း ထိခိုက်စေခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်... "
ဒေါ်လင်းသီရိက သူ့ကို စိုက်ကြည့်နေဆဲ ဖြစ်သည် ။
သူ အပြစ်ရှိသူတစ်ယောက်လို ခေါင်းကို ငုံ့ထားမိလိုက်သည် ။" ကျွန်တော့်အပြစ်တွေက အမေ့အနေနဲ့ ခွင့်လွှတ်ပေးဖို့ ခက်ခဲမယ်ဆိုတာကို နားလည်ပါတယ်... ဒါပေမယ့် ခွင့်လွှတ်ပေးဖို့အတွက် တောင်းဆိုပါရစေ... "
ဒေါ်လင်းသီရိဘက်က သူ့ကို ဘာစကားမှ ပြန်ပြောမလာခဲ့ပေ ။
ထိုအစား တိတ်ဆိတ်အေးစက်မှုတို့ဖြင့်သာ တုံ့ပြန်ခဲ့လေသည် ။သူ ကြံရာမရ ဖြစ်လာရသည် ။
သူ့ဘက်က ဒီလောက် အောက်ကျို့ခံပြီး ပြောနေတာတောင်မှ ဒီ ဘွားတော်က သူ့ကို ခွင့်မလွှတ်နိုင်သေးဘူးလား ။
ပြောရရင် ဒေါ်လင်းသီရိကလည်း အရာအလုံးမှာ အများကြီး မှန်နေတဲ့လူ မဟုတ်ဘူးလေ ။ထက်အာကာကြယ်ကို အနိုင်ကျင့်ခဲ့တာလည်း ဒေါ်လင်းသီရိ ပဲ ။
ပြီးတော့ မိုးသောက်ကြယ် သူ့ကို နှိပ်စက်တော့လည်း မသိချင်ယောင်ဆောင် နှုတ်ဆိတ်နေခဲ့တာလည်း ဒေါ်လင်းသီရိပဲ မဟုတ်လား ။
အဲ့တာကိုတောင်မှ သူ့ကို ခွင့်လွှတ်ပေးဖို့က အဲ့လောက်တောင် ခက်ခဲနေရသေးတာလား ။" အကယ်၍ အမေ ခွင့်မလွှတ်နိုင်သေးဘူး ဆိုရင်လည်း... "
သူ နောက်ဆုံးလက်နက်ကိုသာ ထုတ်သုံးလိုက်ဖို့ ရှိတော့သည် ။
ထို့ကြောင့် ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်းပင် ဒေါ်လင်းသီရိအရှေ့တွင် ဒူးထောက် ထိုင်ချလိုက်သည် ။ဒါက အကူအညီဖြစ်ဖို့တော့ သူ မျှော်လင့်မိသည် ။
သို့သော်လည်း ဒေါ်လင်းသီရိ၏ စရိုက်အရဆိုလျှင် ဒူးထောက်တာတောင်မှ သူ့ကို ခွင့်လွှတ်ပေးနိုင်ပါ့မလား ။
YOU ARE READING
I accidentally became a Villain Prince (Completed)
Paranormalအလွန်အဆဲသန်ပြီး wattpad ဖတ်တိုင်း ဇာတ်ကောင်များကို အချိုးမပြေလျှင် မဟားတရား ဆဲတတ်သော ကောင်လေးတစ်ယောက် သူ ပိုးစိုးပက်စက် ဆဲခဲ့သည့် ဗီလိန်မြေခွေးကောင်အဖြစ် ထိုဝတ္ထုထဲသို့ ရောက်သွားသောအခါ... Total 59 Chapters + Extra 20 Chapters အလြန္အဆဲသန္ၿပီး wattpa...