Extra Side Story Episode 13

4.1K 376 83
                                    

အချပ်ပို အပိုင်း ၁၃

ဤ တစ်ပတ်ကျော်အတွင်း Eric နှင့် Ricky တို့ ပိုမို၍ ရင်းနှီးလာကြပြီ ဖြစ်သည် ။
Rum ကိုယ်တိုင်ကပင် သူ့အစ်ကိုကို Eric နှင့် ဆိုလျှင် သဘောတူသည်ချည်း လုပ်နေတော့သည် ။

" သူငယ်ချင်း ယောင်းမလေး ... "

" ဘာသူငယ်ချင်းယောင်းမလည်း... ပေါက်ကရ ခေါ်မနေနဲ့... "

နေ့လည်နေ့ခင်း Eric နှင့် Rum တို့ အိမ်တွင် စကားပြောရင်း လက်ဖက်သုပ် စားကြရင်းမှ Rum က သူ့ကို ခေါ်လာခြင်း ဖြစ်သည် ။
သူ တားလိုက်သော်လည်း Rum က သူ့ကို ရယ်ကျဲကျဲ ကြည့်နေဆဲ ဖြစ်သည် ။

" ငါ ပေါက်ကရ မခေါ်ရပေါင်... နင်နဲ့ ငါ့အစ်ကိုနဲ့က တစ်ပတ်ကျော်လောက်နဲ့ အရမ်းတွေ ရင်းနှီးနေတာလေ... "

" အဲ့တာကတော့ ကိုRicky က ငါ့ကို အဖော်လုပ်ပေးတာကိုး... "

" ဒါနဲ့ နင် ငါ့အစ်ကိုကို မကြိုက်ဘူးလား... "

Rum က တည့်တိုးကြီး မေးလာသောကြောင့် Eric ဘာပြန်ဖြေရမှန်း မသိ ဖြစ်သွားရသည် ။
သူ ကိုRicky အပေါ်တွင် ထားသောစိတ်ကို သူကိုယ်တိုင်လည်း မသဲကွဲပေ ။
လေးလေးနက်နက် မရှိသော်လည်း စိတ်ထဲ လုံးဝ မရှိခြင်းတော့လည်း မဟုတ်ပြန်ပေ ။

" ငါ... ငါ သေချာ မသိဘူး Rum... "

" နင်ကလည်း ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူးပေါ့ဟဲ့... ဘာကို သေချာမသိတာလဲ... "

သူ ကိုယ်တိုင်လည်း သေသေချာချာ မပြောတတ်တော့ပေ ။
ဖြစ်နိုင်သည်ကတော့ သူ ရည်းစားထားရမှာကို ကြောက်သွားခြင်း ဖြစ်ပေလိမ့်မည် ။
ဦးဇဏ်ပေးခဲ့သော ဒဏ်ရာကြောင့် သူ လူတစ်ယောက်ကို အလေးအနက် ခံစားချက် ထားဖို့ တွန့်ဆုတ်နေခဲ့သည် ။

" ကြည့်ရတာ ငါ အဆင်သင့် မဖြစ်သေးဘူးနဲ့ တူပါတယ် Rum ရာ... "

" Eric... ညီ အဆင်သင့် မဖြစ်သေးဘူးလား... "

အနောက်က မေးလိုက် သော အသံကြောင့် Eric လန့်ပြီး လှည့်ကြည့်လိုက်မိသည် ။
အနောက်တွင် ရပ်နေသော ကိုRicky က သူ့ကို ဆိုင်ကယ်သော့ ကိုင်ရင်း မေးလာသည် ။

" ဗျာ ကိုကြီးRicky... "

" ရေတံခွန် သွားကြမယ် ပြောထားတာလေ... အခုထိ အဆင်သင့် မဖြစ်သေးဘူးလား... "

I accidentally became a Villain Prince (Completed) Where stories live. Discover now