Episode 57 (U+Z)

7.9K 554 74
                                    

အပိုင်း ၅၇

မိုးသောက်ကြယ် နေတာရာရှိနေသော ဤမြေကို နှုတ်ဆက်၍ ထားခဲ့ရတော့မည်ဟု တွေးမိသောအခါ သူ့ရင်ထဲတွင် အလွန်အမင်း နာကျင်ခံစားရလေသည် ။
နေတာရာနှင့် သူနှင့် စတင် တွေ့ဆုံခဲ့သည့် အချိန်ကို သူ ပြန်သတိရမိသည် ။
သူတို့ စတင် တွေ့ဆုံခဲ့မှုသည် အမှားအယွင်းများနှင့် စတင်ခဲ့ရသည် ။

သို့သော်လည်း သူတို့နှစ်ယောက်ကြားတွင် ပျော်ရွှင်ဖွယ် အချိန်လေးများလည်း ကျိန်းသေပေါက် ရှိခဲ့ကြသည် ။
ထိုလူသားသည် သူ့အပေါ် အများကြီး ပေးဆပ်အနစ်နာခံခဲ့သည် ။
သူ့အတွက် အသက်ပင် စွန့်ဝံ့ခဲ့သည် ။
သို့သော်လည်း သူ့ဘက်က ရက်စက်မှုများနှင့်သာ ထိုလူသားကို နာကျင်စေခဲ့ရသည် ။

ယခုတော့ သူ့ကိုယ်သူ မှားယွင်းမှန်းသိခဲ့ချိန်တွင် သူ့၌ ပြန်ပြင်ဆင်ခွင့် မရှိတော့ပေ ။
ထို့ကြောင့်လည်း သူ့ကို မြင်သည်နှင့် မုန်းတီးနေသော နေတာရာ ပျော်ရွှင်စေဖို့ သူ နေတာရာ့အရှေ့တွင် ဘယ်သောအခါမှ ပေါ်မလာတော့ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီသာဖြစ်သည် ။

မိုးသောက်ကြယ် လေယာဥ် check in ဝင်တော့မည့်အချိန်တွင် သူ့ဆီသို့ အူယားဖားယား အပြေးရောက်လာသော ရှိန်းဝေယံကြောင့် ကြောင် အ သွားရသည် ။
ရှိန်းဝေယံက သူ့ဆီ အပြေးရောက်လာခြင်း ဖြစ်ပြီး သူ ခရီးဆောင်အိတ်ကို အတင်း ဆွဲလုလေသည် ။

" ဝေယံ... ဘာ အရူးထနေတာလဲ... ငါ့အိတ်ကို မင်းက ယူပြီး ဘာလုပ်မလို့လဲ... "

" မ... မသွားနဲ့ဦး... ယောက်ဖကလည်း.... Check in နောက်ဆုံးအချိန်ရောက်ဖို့ ဆယ်မိနစ် လောက် လိုသေးတာပဲ... ဆယ်မိနစ်... ဆယ်မိနစ်ပဲ စောင့်ပါဦး... "

" ရှင်က ဘာဖြစ်နေတာလဲ... ကိုကြီး သူ့ဘာသာ သွားမှာကို သွားပါစေလား... "

ဧကရီထိပ်ထားက မိုးသောက်ကြယ်အိတ်ကို အတင်းဆွဲနေသော သူ့ယောကျ်ားကို ဝင်ဟန့်လိုက်သည် ။
ရှိန်းဝေယံလည်း ရုတ်တရက် ဘာအကြံထုတ်ပြီး တားရမှန်း မသိတော့သောကြောင့် စဥ်းစားရခက်သွားလေသည် ။

ထို့နောက်တွင် ရှိန်းဝေယံတစ်ယောက် သူ့စိတ်ကို သူ ပြင်ဆင်လိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်အားပေးလိုက်ကာ မိုးသောက်ကြယ်ကို အပြေးသွားပြီး ဖက်လိုက်လေတော့သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now