Extra Side Story Episode 7

3.2K 302 18
                                    

အချပ်ပို အပိုင်း ၇

နောက်ထပ် အချိန် သုံးလလောက် အတွင်းတွင် ဦးဇဏ်တစ်ယောက် ဦးနေတာရာဆီသို့ မကြာခဏ ရောက်ရောက်သွားတတ်သည်ကို Eric တစ်ယောက် မမြင်ချင်မှအဆုံးပင် ဖြစ်တော့သည် ။
ဦးဇဏ် မြင်းပေါ်က ပြုတ်ကျစဥ်က သူ ပေးထားဖူးသော ကတိကြောင့် Eric တစ်ယောက် ဦးဇဏ် ဦးနေတာရာဆီသို့ သွားရာတွင် ကောက်ကောက်ပါအောင် လိုက်ရလေတော့သည် ။

ထိုရက်ပိုင်းများတွင်တော့ ဦးဇဏ်၏ ချစ်တတ်မှုကြီးကို Eric မျက်ဝါးထင်ထင်ကို မြင်တွေ့နေရခြင်း ဖြစ်လေသည် ။
ဦး​နေတာရာ၏ အလိမ်အလည်များ အားလုံးပေါ်သွားကြောင်း သိလိုက်ရသောအချိန်တွင် ဦးဇဏ်တစ်ယောက် ဦးနေတာရာကို အလွန်အမင်း စိတ်ပူနေခဲ့သည်ကိုလည်း သူ မြင်တွေ့ခဲ့ရသည် ။

တကယ်တော့ ဦးဇဏ်အဖြစ်က နွားကျပြီး ကောက်ရိုးပုံစောင့်သည့်ခွေးလို ဖြစ်နေသည်ကို သူ မြင်တွေ့နေရသော်လည်း ဦးဇဏ်ကို သူ မပြောရက်ခဲ့ပေ ။
ထိုအစား ဦးဇဏ် လိုအပ်ချိန်တွင် အကူအညီ ရစေဖို့သာ သူ ဘေးနားတွင် အမြဲ ရှိခဲ့လေသည် ။

ဦးနေတာရာ တစ်ယောက် ခေါင်းကွဲပြီး ဆေးရုံတက်ရသည့်အကြောင်းကို ကြားစဥ်ကလည်း ဦးဇဏ်တစ်ယောက် အလွန်အမင်း စိတ်ပူခဲ့ပြီး ဆေးရုံသို့ ချက်ချင်း လိုက်သွားခဲ့သည် ။
ထိုစဥ်က ဦးဇဏ်တစ်ယောက် ဦးမိုးသောက်ကြယ်၏ သက်တော်စောင့်များနှင့် တိုက်ခိုက်ကြသည့်ပွဲတွင်လည်း သူပါဝင်ပြီး တိုက်ခိုက်ပေးခဲ့ရသေးသည် ။

ဒါတောင် ဦးဇဏ်က ဦးနေတာရာ အရှေ့တွင် ထိုသက်တော်စောင့်များကို သူတစ်ယောက်ထဲပဲ တိုက်ခိုက်ခဲ့သယောင်ယောင် အထင်ကြီးအောင် အမှတ်ဝင်ယူလိုက်သေးသည် ။
သက်တော်စောင့်များနှင့် တကယ် တိုက်ခိုက်ခဲ့ရသော Eric မှာတော့ ဆေးရုံက ပြန်ပြီးသည်နှင့် ရေခဲကပ်ပြီး နားလိုက်ရသေးသည် ။

" Eric... နာနေလား... ငါ ရေခဲ ကပ်ပေးမယ်လေ... "

ဦးဇဏ်က သူ့ဒဏ်ရာများကို ညင်သာစွာ ရေခဲကပ်ပေးလာသည် ။

" နာတာပေါ့... ဟိုက ဦးနေတာရာ ခန့်ထားတဲ့ သက်တော်စောင့်တွေကလည်း ခေတဲ့သူတွေမှ မဟုတ်တာကို... "

I accidentally became a Villain Prince (Completed) Where stories live. Discover now