ဆူညံသွားတဲ့ နတ်သဘင်အစည်အဝေး..တစ်ယောက်တစ်ပေါက်ပြောသံများက ကောင်းကင်အရှင်ရဲ့ စိတ်တော်ကိုအရောင်ပြောင်းစေလာတယ်

"တိတ်ကြစမ်း!!!!"

ရေလိုပြန်တည်ငြိမ်သွားတဲ့ ခန်းမကြီး ကောင်းကင်အရှင်ရဲ့အမျက်ဒေါသကို မည်သူမှမခံလိုချင်ပါ။သူတို့၏နတ်အမြုတေကိုလည်း ြမဲချင်သေးတယ်‌ေ ။

"အဆင့်နှစ် မိုးကြိုးနတ်မိမယ်ရှီလဲ့ယာ၊ အဆင့်ရှစ် စစ်အထောက်တော်ရိလန်၊ အဆင့်ရှစ်မြေနတ်ခွမ့်ဟွာ ယခု ကိစ္စကိုစေ့စပ်သေချာစွာစုံစမ်းစစ်ဆေးစေ!"

"အမိန့်တော်မြတ်အတိုင်းပါ ကောင်းကင်အရှင်"

"ဖုန့်ဟွာ ပြန်လည်မွေးဖွားခြင်း ကျင့်စင်ကရော အဆင်ပြေချောမွေ့ရဲ့လား"

"စစ်နတ်ဘုရားအရှင်ဟာ ဓူဝံကြယ်နှင့်ခုနစ်စဉ်ကြယ်စုံတဲ့ညမှာ ပြန်လည်မွေးဖွားသန့်စင်မှာပါ ကောင်းကင်အရှင်"

"မိစ္ဆာတွေရဲ့ ကောက်ကျစ်စဉ်းလဲမှုကို ငါတို့နတ်ဘုရားတွေကြိုတင်မမြင်နိုင်ဘူး။ဒါကြောင့်ဖုန့်ဟွာ ပြန်လည်မွေးဖွားခြင်းကို အနှောင့်အယှက်မရှိစေနဲ့။စစ်ပွဲအတွက် ဖုန့်ဟွာ(စစ်နတ်ဘုရား)ကအဓိက အခရာပဲ"

------------

"ယန်းရီရေ ယန်းရီ"

"အို မိုးကြိုးနတ်မိမယ် ကျွန်တော်မျိုးမရဲ့ သေးငယ်လှတဲ့နန်းဆောင်ကို အဘယ်အကြောင်းရင်းကြောင့် ကြွရောက်လာပါဘိ"

"ယန်းရီ မနောက်နဲ့ငါတို့ကြားမှာ အဆင့်အတန်းခဲွဲခြားစရာမလိုဘူး"

ကောင်းကင်ဘုံမှာ မိမိထက်အဆင့်မြင့်သူ၏အမည်နာမကို ခေါ်ဆိုပိုင်ခွင့်မရှိဘူး။ ထိုလူ၏ဘွဲ့အမည်ကိုသာ ခေါ်ဆိုခွင့်ရှိသည်။အဆင့်ချင်းအတူတူဖြစ်နေရင် ဝါကြီးသူကိုရိုသေရတယ်။ကောင်းကင်အရှင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလိုက်နာရတယ်။ချိုးဖောက်တဲ့လူဟာ မိုးကြိုးလှောင်အိမ်ထဲ အပြစ်ပေးခံရတယ်။

"ဒါနဲ့လဲ့ရှင်းဟွာရော"

"သူမကအခု ကြယ်တာရာအကြီးအကဲ နန်းဆောင်မှာလေ။ စစ်နတ်ဘုရားပြန်လည်မွေးဖွားခြင်းကျင့်စဉ်ပြီးမှ သူမအဆောင်ကိုပြန်နေထိုင်ခွင့်ပြုမှာ"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now