အပိုင်း(၃၇)

Start from the beginning
                                    

"ရပါတယ် ဆေးရုံကို အစားထိုးခွင့်တင်လိုက်ရင် အဆင်ပြေတာပဲ မန္တလေးသွားဖို့က ကျွန်တော်
တစ်ယောက်တည်းလား"

" မဟုတ်ပါဘူး သားအစ်မတို့ရော လိုက်မှာ စည်သူရော"

"မနက်ဖြန် ဆေးရုံမှာ လူနာကြည့်ဖို့ ချိန်းထားတာလည်းရှိသေးလို့ ပြီးတော့ခွင့်ကိစ္စလည်း လုပ်ရအုန်းမှာဆိုတော့ သဘက်ခါဆို အဆင်ပြေလား"

" ရပါတယ် ငါ့ညီရ ကျေးဇူးတင်တယ်ကွာ"

"အချင်းချင်းတွေကို အစ်ကိုရာ"

ဆရာဝန်တစ်ယောက်မလို့ ဒီအကူအညီက မခက်ခဲသည့်အပြင် ကူညီရမည့်အရာကလည်း ဝန်ထုပ်ဝန်ပိုးဖြစ်မနေ။
ညရောက်တော့ မန္တလေးမှာ ရှိတဲ့ ကိုယ့်သူငယ်ချင်းဘော်ဒါတွေကို ဆက်သွယ်ပြီး ဦးနှောက် အာရုံကြော
ဖက်က ဆရာတွေနဲ့ ဘယ်ပါရဂူတွေက ဘယ်လိုဆ်ိုတာ
စုံစမ်းရတော့သည်။ ကံကောင်းချင်တော့ ကျောင်းတုန်းက သူငယ်ချင်းမလေးရဲ့ PGတန်းမှာ neurology lecture ပိုင်းသင်ပေးနေသည့် ပါရဂူတစ်ယောက်နှင့် ဆက်သွယ်ဖို့ ရလာခဲ့သည်။

မိုးကုတ်ကနေ မနက်စောစောထွက်ပြီး မန္တလေးရောက်တော့ ယောက်ဖရဲ့ မိဘတွေ အိမ်မှာပဲ နေဖို့ စီစဉ်ထားတယ်ဆိုတော့လည်း မငြင်းသာ၍ ရေချိုး စားသောက်ပြီးတာနဲ့ ချိန်းထားသည့်  သူငယ်ချင်းနှင့်တွေ့ဖို့ ထွက်လာလိုက်သည်။ မန္တလေးကို ကိုယ့်ထက်ပိုကျွမ်းကျင်သည့် စည်သူက ကားမောင်းပေးမည်ဆိုကာ အတူလိုက်လာ
သည်။

" ဦးလေး"

"အင်း"

ဖုန်းကနေ ဘာတွေအသည်းအသန်ရှာနေမှန်းမသိ ခေါ်တာကို "အင်း"တစ်လုံးသာထူးပြီး ခေါင်းကထောင်မလာ။

"ဒီလထဲ Anniversary မလား"

"အင်း ဟုတ်တယ်"

ပါးစပ်ကသာဖြေနေတာ ခေါင်းထောင်မလာသေးဘူးဆိုတာ ကားမောင်းနေရင်း မျက်လုံးထောင့်ကမြင်နေရသည်။

"ဘာအစီအစဉ်မှ မရှိဘူးလား"

"မရှိပါဘူး ငါရော ဉာဏ်ရော အားတာမဟုတ်ဘူး
ပြောလိုက်မှ တစ်ခုခုထလုပ်ပေးနေပါအုန်းမယ်
သူ့ Project တွေပဲ သေချာအာရုံစိုက်ပါစေ"

 NYAN'SWhere stories live. Discover now