" သက်သာသွားပါပြီ သမီးရယ် ရေချိုးတာနည်းနည်းကြာသွားလို့ အအေးပတ်ချင်သလိုဖြစ်သွားတာ "

" ဟုတ်ကဲ့ ဂရုစိုက်ပါအုံးအန်တီ "

" သမီးပိုးလဲရောက်နေပြီ သားလဲစာသွားသင်တော့လေ ဆန်ပြုတ်ကမာမီ့ပါသာသောက်လိုက်မယ် "

" ဟုတ် မာမီ "

အန်တီ့ကိုနှုတ်ဆက်ကာ စျာန်နဲ့ပိုးတစ်ဖက်အခန်းကိုကူးလာခဲ့လိုက်သည် ။

စာသင်ပြီးသွားတော့ ပိုးအန်တီခရေ့ကိုဝင်နှုတ်ဆက်မယ်ဆိုပြီး တခါးခေါက်ကာ ဝင်လာတော့ အန်တီခရေကအိပ်ပျော်နေသည် ။ ပိုးလည်း တံခါးကိုခပ်ဖွဖွပြန်ပြန်ပိတ်ကာ အပြင်ပြန်ထွက်လာခဲ့သည် ။

............

" သွဲ့ နင့်အမကမိန်းကလေးအစစ်မဟုတ်ပဲယောကျာ်းလေးဆို "

ကျူရှင်ကအပြန်သွဲ့အပါအဝင်၅ယောက်အတူပြန်လာတဲ့ထဲကမှ ဖူးဖူးဆိုသောကောင်မလေးမှမေးလာခြင်းဖြစ်သည် ။ ဖူးဖူးရဲ့အမေးကို သွဲ့က ခပ်တည်တည်ပဲပြန်ဖြေလိုက်သည် ။

" အဲ့တော့ဘာဖြစ်လဲ "

" ဘာဖြစ်ရမှာလဲ ယောကျာ်းလေးကမိန်းကလေးလိုဝတ်စားနေတာရှက်စရာပေါ့ နင်မရှက်ဘူးလား "

ဖူးဖူးရဲ့မရှက်ဘူးလားဆိုသောစကားကြောင့် သွဲ့ခြေလှမ်းတွေရပ်တန့်ကာ ဖူးဖူးနဲ့မျက်နှာချင်းဆိုင်ဝင်ရပ်လိုက်သည် ။ သွဲ့ရဲ့မျက်နှာမှာ စိတ်ဆိုးဒေါသထွက်ခြင်းအလျှင်းမရှိပဲ ပကတိတည်ငြိမ်နေကာ ဖူးဖူးနဲ့အတူကျန်နှစ်ယောက်မှာ သွဲ့ကိုအထင်သေးသလိုကြည့်နေကြပြီး ခက်ခက်ဦးဆိုသောကောင်မလေးမှာတော့ ဖူးဖူးတို့သုံးယောက်ကို ဉာဏ်တုံးရန်ကောဆိုသောအကြည့်မျိုးနဲ့ကြည့်နေလေသည် ။

" ရှက်စရာ ဟုတ်လား ငါ့အကိုကမိန်းကလေးလိုဝတ်စားရတာကိုရှက်စရာလို့မြင်တယ်ပေါ့။ အဲ့တာကိုရှက်စရာလို့မခေါ်ဘူး ဦးနှောက်တခြမ်းပဲ့မရဲ့ နင့်အမလိုယောကျာ်းတကာနဲ့ပတ်အိပ်နေတာကမှရှက်စရာ မသေမချင်းမှတ်ထား ငါနဲ့တွဲရမှာရှက်ရင်ငါနဲ့လာမပေါင်းနဲ့ "

သွဲ့ရဲ့စကားအဆုံး ဖူးဖူးဆိုသောကောင်မလေးက ဒေါသထွက်ကာ တရှူးရှူးတရှားရှားနှင့်နေရာကထွက်သွားတော့သည် ။ ဖူးဖူးဆိုသောကောင်မလေးနှင့်အတူကျန်နှစ်ယောက်မှာလဲ ဖူးဖူးနောက်ပါသွားကြလေသည် ။ ဒါကသွဲ့နဲ့တွဲရမှာရှက်လို့ မပေါင်းဘူးဆိုတဲ့သဘောပေါ့ ။ သွဲ့တို့ကလည်းဂရုစိုက်နေမည့်သူမဟုတ် ။ ဘေးမှခက်ခက်ဦးကိုသတိရသွားကာ သွဲ့ကမေးလိုက်သည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Donde viven las historias. Descúbrelo ahora