Epi 1

53.4K 1.9K 134
                                    

[ စာတွေကိုပြင်သင့်တာပြင် ဖြည့်သင့်တာတွေထပ်ဖြည့်နေတာမို့ RL ထဲကထုတ်ပြီးမှ ဖတ်စေချင်ပါတယ်ရှင့်]
Edit date-30.5.2022

ရောင်စုံမီးလုံးများအောက် DJ သံများနှင့် စည်းချက်ညီစွာ ကခုန်နေကျတဲ့လူတွေ ။ ထိုစဥ်

" ခလွမ်း "

အရက်ပုလင်းရိုက်ခွဲသံနှင့်အတူ Club တစ်ခုလုံး အပ်ကျသံပင်မကြားရ​လောက်အောင် တိတ်ဆိတ်သွားသည် ။ Club ထဲရှိ မည်သူမှဝင်မဆွဲရဲသလို တားလဲမတားရဲကြပေ ။

" ဒီမှာမင်းနားလေးနေလား အဲ့လောက်တောင်ခံချင်သပဆိုရင် တခြားကောင်ဆီသွားခံ ငါကမင်းလိုအပေါစားဆန်တဲ့မိန်းမမျိုးတွေစိတ်မဝင်စားဘူး "

ကောင်ကလေးရဲ့ရိုင်းစိုင်းသောစကားများကြောင့် ကောင်မလေးမှာ ဘာစကားမှမပြောရဲပဲ နေရာကနေပြေးထွက်သွားတော့သည် ။

ကောင်လေးမှာဘာမှမဖြစ်ခဲ့သလိုနေရာတွင် ကျကျနနပြန်ထိုင်ကာ vodka အသစ်တလုံးကိုထပ်မှာလိုက်သည် ။ Club တစ်ခုလုံး DJ သံဖြင့်ပြန်လည်စည်ကားသွားတော့သည် ။

သူ့နာမည်က စျာန်ဇွဲထက်မာန် ။ အသက်က၁၈နှစ်ရှိပြီး တစ်ဦးတည်းသောသားလေးမို့ မိဘတွေရဲ့အလိုလိုက်ခြင်းခံထားရတာကြောင့် ဆိုးချင်တိုင်းဆိုးနေတော့သည် ။ အသားဖြူကာ အရပ်က၆ပေရှိပြီး ဂုတ်ဝဲနားလောက်ရှိသည့် ဆံပင်မှာ ပင်ကိုယ်အဖျားလေးတွေလိပ်နေပြီး ခဲစိမ်းရောင်လေးဆိုးထားသည် ။ မျက်ခုံးမွှေးထင်းထင်း၊ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းအစုံ၊နှုတ်ခမ်းမထူမပါးနှင့်မေးရိုးထင်းထင်းရှိပြီး ယောကျာ်းဆန်လွန်းတာကြောင့် မိန်းကလေးတွေကြားရေပန်းစားသည် ။ All Black နဲ့ မိမိုက်နေကာ လူအများရဲ့အကြည့်ကစျာန့်ဆီမှာ မိန်းကလေးတွေပါမက ယောက်ျား
လေးတွေပါစျာန့်ကိုမျက်စိကျကြသည် ။ စျာန်ကိုကြောက်လို့သာ အနားမကပ်ရဲပဲ အဝေးကနေငေးကြည့်နေကြရသည် ။

ဝသုန်နဲ့အာကာ Club ထဲဝင်လာတာတော့ စျာန့်ကိုသိပ်မရှာလိုက်ရ ။ အခြေနေကိုကြည့်ရသလောက် ဒီညအတွက်ပြဿနာရှာပြီးလောက်ရောပေါ့ ။

ဝသုန်နှင့်အာကာမှာလဲ စျာန်နည်းတူ ၁၀တန်းမအောင်သေးပေ ။ သုံးယောက်စလုံးဉာဏ်မကောင်းလို့မဟုတ်ပဲ တမင်သက်သက်အကျခံပြီးဖြေနေခြင်းသာ ။ ငယ်ငယ်လေးကတည်းက ပေါင်းလာတာကြောင့် တစ်ယောက်စိတ်ကိုတစ်ယောက်ပြောစရာမလိုပဲ သိနေကြသည် ။ ဆိုးချင်လဲအတူဆိုးမည် ။ ကောင်းတာလုပ်လဲအတူတူ မကောင်းတာလုပ်လဲအတူတူ ။ မကောင်းတာချည်းသာရွေးလုပ်ကြခြင်းကြောင့် ကောင်းတာလုပ်တယ်ဆိုတာမရှိသလောက်ရှားသည် ။

{Edit}မြတ်နိုးခြင်းများအားဆောင်ကျဥ်းခဲ့ပါသော သူ၏... ( COMPLETED )Where stories live. Discover now