Extra Side Story Episode 7

Start from the beginning
                                    

ဦးဇဏ်က သူ့ကို ပြုံးပြီး ကြည့်လာပြီး ရေခဲသာ ဆက်တိုက် ကပ်ပေးနေတော့သည် ။
ဦးဇဏ်အပြုံးတွေကြောင့် သူ့ ဒဏ်ရာတွေ နာကျင်နေသည်မှာ အနည်းငယ် သက်သာသွားသလိုလိုပဲဟု Eric တွေးမိလိုက်သည် ။

" နေနေ့ကို ငါ အရမ်း စိတ်ပူတာပဲ... အဲ့ ခွေးကောင် မိုးသောက်ကြယ်က နေနေ့ကို ဘယ်လောက်အထိ အနိုင်ကျင့်ဦးမယ် မသိသေးဘူး... "

" ဦးဇဏ်က အခု လောလောလတ်လတ် ဒဏ်ရာရထားတဲ့ ကျွန်တော့်ကို ​ကျတော့ စိတ်မပူဘူးလား... "

Eric ဦးဇဏ်ကို မျက်စောင်းထိုးပြီး မကျေမချမ်း မေးမိလိုက်သည် ။

" စိတ်ပူလို့ပဲ အခု ရေခဲကပ်ပေးနေတာလေကွာ... "

တကယ်တော့ ထိုရက်များတွင် ဦးဇဏ်စိတ်ထဲ၌ Eric ဆိုသော သူသည် ဘာမှ မဟုတ်သော ပမွှားလေးသာ ဖြစ်ခဲ့ရသည် ။
ဦးဇဏ်၏ အတွေးထဲတွင် နေ့နေ့ညည စိတ်ပူပြီး ရှိနေခဲ့သည်မှာ ဦးနေတာရာ တစ်ယောက်ထဲပင် ဖြစ်ခဲ့လေသည် ။

တစ်ရက်တွင်တော့ ဦးဇဏ်တစ်ယောက် ဦးမိုးသောက်ကြယ်တို့ အိမ်မှ ဒေါသတကြီး ပြန်လာခဲ့လေသည် ။
ကားပေါ်ရောက်တော့ ဦးမိုးသောက်ကြယ်နှင့် ညည့်ခေတ်ယံ ဆိုသူတို့ကို သူ ဘယ်လောက်အထိ ဒေါသထွက်ကြောင်း ၊ စိတ်တိုရကြောင်း တတွတ်တွတ် သူ့ကို ပြောပြလာလေသည် ။

" ဒါနဲ့ ငါ ရေကူးကန် ရှေ့မှာတင် ညည့်ခေတ်ယံရဲ့ တဘတ်ကို တက်နင်းလာခဲ့တယ်... ကောင်းတယ်မလား Eric... ဟဲဟဲ... "

ဦးဇဏ်၏ ပုံစံက လုပ်ချင်ရာလုပ်ပြီးမှ သူ့ကို အဖော်လာညှိနေသော ကလေးတစ်ယောက်နှင့်ပင် တူနေသေးတော့သည် ။

" အင်းပါ... ကောင်းပါတယ်... ကောင်းပါတယ်... ဦးဇဏ် ပျော်သလိုသာလုပ်... "

" ကောင်းတယ်... ကောင်းတယ်... မင်းက မကောင်းတာ လုပ်ဖို့ဆိုရင် တကယ်ကြီးကို အဖော်ညှိစရာ မလိုဘူးပဲ... ဟဲဟဲ... "

သူ system ထဲသို့ ဝင်လာချိန်မှစ၍ ပထမဆုံးအဖြစ် ဦးဇဏ်၏ စိတ်ပူစိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို မြင်ခဲ့ရသည့်နေ့လည်း ရောက်လာခဲ့လေသည် ။
ထိုနေ့က ဦးနေတာရာတစ်ယောက် ဒဏ်ရာများနှင့် အဖျားတက်ကာ မေ့လဲနေသော အခိုက်အတန့်ပင် ဖြစ်လေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now