( ၆၉ )

12.3K 1.9K 61
                                    

< Unicode >

အခန်း ( ၆၉ ) - ဆုလက်ခံရရှိခြင်း

ချူဖုန်းသည် ဖုန်းချကာ မီးဖိုခလုတ်ပိတ်၍ နို့ကြက်ဥပေါင်းကို သယ်ထုတ်လာခဲ့လေသည်။ စားပွဲပေါ် ပန်းကန်တင်တင်ချင်းမှာပင် အချိန်ကြာပိတ်ခံထားခဲ့ရသော တာမီနယ်သည် တတူတူဖြင့် အဆက်မပြတ် ရှည်ကြာစွာ ထမြည်နေတော့သည်။

အကုန်လုံးပင် မက်ဆေ့ချ်များ၊ missed calls များ ဖြစ်နေကြလေသည်။ ချူဖုန်းမှ အေးအေးလူလူ ဖွင့်ကြည့်လိုက်ရာ အတော်များများသည် သူ၏ တပည့်များ၊ ချန်စီဟန်၏ ရဲဌာနမှ ရဲအချို့ထံမှဖြစ်ကြောင်း တွေ့လိုက်ရသည်။

"အိုမီဂါရသွားတဲ့အတွက် ဗိုလ်ချုပ်ချူကို ကွန်ဂရက်ကျူလေးရှင်းပါ"

"ဗိုလ်ချုပ်ချူ ခွင့်ခုနှစ်ရက် တိုင်သွားတယ်ကြားလို့ စစ်တပ်က ညနေပိုင်းမှာ ဗိုလ်ချုပ်အတွက်ဆိုပြီး ပါတီပွဲတစ်ပွဲ ကျင်းပပေးသေးတယ်"

"ဗိုလ်ချုပ်ချူ ရဲမှူးချန်က ဗိုလ်ချုပ်ကိုယ်စား အန်ပေါင်းတွေ ပေးသွားတယ်ဗျို့။ ကွန်ဂရက်ကျူလေးရှင်းပါ"

...

ချူဖုန်း မက်ဆေ့ချ်များကို ရှုတည်တည်မျက်နှာပေးဖြင့် အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။ စစ်ဌာနချုပ်တွင် ဒီရက်ပိုင်းအတွင်း တမူထူးခြားတာမျိုး မရှိမှန်း သေချာမှ တာမီနယ်ကို ပိတ်ကာ မီးဖိုချောင်ဘက်သို့ ပြန်လှည့်၍ ထမင်းသွားခပ်ဖို့ လုပ်လိုက်သည်။

ထမင်းတစ်ပန်းကန်ထည့်ပြီးသွား၍ လက်​မြှောက်ကာ နောက်တစ်ပန်းကန်ထည့်ရန် လုပ်လိုက်ချိန်မှသာ သူ ရုတ်တရက် ခပ်ဖွဖွရယ်မိလေသည်။

လော့ကျိုးကျိုးဟိ့ဒ် လုံးဝပြီးသွားသောအခါ ချူဖုန်း သူ ဝယ်ထားသော ဆေးထုပ်ကို ယူကာ လော့ကျိုးကျိုးနှင့်အတူ အန်တီလျို့ဆီ ထွက်လာခဲ့လိုက်သည်။

အိမ်ထဲမှ မထွက်ရတာ ရက်ပိုင်းကြာပြီဖြစ်ရာ လော့ကျိုးကျိုး အဆောက်အဦးထဲမှ ထွက်လိုက်သည်နှင့် ခြေထောက်တွေ မြောက်ကြွနေသလိုပင်။ သူ နံဘေးမှ ချူဖုန်း၏ အင်္ကျီစကို ကိုင်ကာ ရယ်မိလေသည် "ကျွန်တော် လမ်းလျှောက်ရတာ အာကာသယာဥ်မှူးကျနေတာပဲ"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now