( ၅၃ )

11.5K 2.2K 119
                                    

< Unicode >

အခန်း ( ၅၃ ) - ကျိုးကျိုးက ကိုယ့် ခန္ဓာကိုယ်ပိုင်ရှင်ပဲ

လော့ကျိုးကျိုးသည် ချီဖန်းစကားကို ကြားတော့မှပဲ စိတ်သက်သာရာရကာ ချူဖုန်း ပခုံးကို ထွေးဖက်ပြီး တစ်ဖက်လူ လုပ်ခဲ့သလို ဆံပင်များ နဖူးများကို နမ်းမိသည်။

လော့ကျိုးကျိုးသည် ရှိုက်ငင်ရင်း ပြန်နှစ်သိမ့်သည် "အဆင်ပြေပြီ အဆင်ပြေသွားပြီ ချူဖုန်း အတော်ဆုံးပဲ"

"အင်း ကိုယ်အဆင်ပြေသွားပြီ ကိုယ် အတော်ဆုံးပဲ" ချူဖုန်းထံမှ ရုတ်တရက် အသံခပ်ဖျော့ဖျော့ထွက်လာသည်။

လော့ကျိုးကျိုးသည် တန့်ရပ်ကာ အံ့အားတသင့်ဖြင့် မေးလိုက်သည် "ခင်ဗျား နိုးနေပြီလား"

ချူဖုန်းကား လော့ကျိုးကျိုးရင်ခွင်ထဲ လှဲမှီလျက်ပင် မျက်လုံးများ မှိတ်ထားသော်ငြား မျက်နှာထက်တွင် အပြုံးတစ်ခုက တွဲလွဲခိုနေချေသည်။ သူ၏ အောက်ချထားသော မျက်တောင်များက လှုပ်လာပြီးသော် မျက်လုံးပွင့်လာတော့သည်။ မျက်လုံးထဲမှ နီစွေးစွေး အရောင်တို့ကလည်း အလုံးစုံကွယ်ပျောက်ကာ မူလအတိုင်း အညိုနုရောင်ရှိနေလေသည်။

ချီဖန်းရော ချန်စီဟန်ပါ တစ်ပြိုင်တည်း သက်ပြင်းပူများ မှုတ်ထုတ်လိုက်ကြသည်။

ချန်စီဟန်သည် မျက်နှာကို လက်ဖြင့် ပွတ်ရင်း အက်ရှစွာ ပြောသည် "မင်း တစ်ခုခု ထပ်ဖြစ်ရင် ငါတော့ သုတေသနကျောင်းကို မြေလှန်ပစ်မှာပဲ ဘာ ဘန်ဇီဒရင်းလဲ အဲ့နာမည်ကြားတိုင်း ဒေါသထွက်နေရတယ်"

ထိုစကားများ ထွက်သွားတာနှင့် ဆေးဘူးကို သိမ်းနေခဲ့သော ချီဖန်း လက်များက တုံ့ရပ်သွားကာ သူ့ဘက် မျက်နှာလှည့်လာတော့သည်။ မျက်လုံးများက ငြိမ်သက်နေသော်ငြား သိုဝှက်ထားသော ဆိုလိုရင်းကို ချန်စီဟန် ခံစားမိနိုင်သဖြင့် လေသံပြောင်းလိုက်ရသည်။

"ဒါပေမဲ့ သုတေသနကျောင်းက မဟာမိတ်ပေါင်းစု ရတနာတစ်ပါးပဲလေ အဲ့ဒီတော့ တစ်ခုခုဖြစ်တောင် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမှာ အပြစ်မရှိတဲ့ ဘန်ဇီဒရင်းကို မဟုတ်ဘူး"

ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ〖 Completed 〗Where stories live. Discover now