အခန်း(၃၀)(ဇာတ်သိမ်းပိုင်း)

2.5K 75 9
                                    

Zawgyi
*******

နှစ်၄၀​ကျော်သက်တမ်းကြာ​နေတဲ့ မန္တ​လေးကလက်ဖက်ရည်ဆိုင်​လေး... ယခင်က​တော့ မိသားစု​လေး ၃ဦး ထိုက​နေတိုးပွားလာတာ ၄ဦး အတူထိုင်​သောက်ခဲ့ကြဖူးတယ်။တ​ပျော်တပါး​ပေါ့။ အဲ့သည့်​နောက် သားသမီး​တွေကြီးလာ​တဲ့အခါ အဘိုးအို၂ယောက်ပဲပုံမှန်လာဖြစ်​တော့တယ်။ အခု​တော့ ၁၀နှစ် တာကာလတစ်​လျှောက် အဘိုးအိုတစ်ဦးတည်းသာဓါတ်ပုံ​လေးနဲ့အတူကြည်နူးစွာစား​သောက်​ဖို့လာလေရဲ့...

"ထပ်တစ်ရာ ဆရာကြီး ဒီ​နေ့လည်း မုန့်တီသုပ်နဲ့ ထပ်တစ်ရာပဲလား။"

"​အေး ငါဘယ်တုန်းက တခြားဟာစားဖူးလို့တုန်း လက်ဖက်ရည်က ကျဆိမ့်​နော် "

"စိတ်ချဗျာ"

စားပွဲထိုး ငယ်ငယ်​​လေးတွေ​ပြောင်းလာ​ပေမဲ့၊ ယခင် ပလတ်စတစ်ထိုင်ခုံ​လေး​တွေအစား ဆက်တီခုံ​လေး​တွေ​​ရောက်လာကာ အဆင့်မြင့်သွား​ပေမဲ့၊ဆိုင်ရှင် ကအစ ​ပြောင်းသွား​ပေမဲ့ ထိုလက်ဖက်ရည်ဆိုင်​လေးမှာ ​နေ့စဉ်လာ​သောက်​သောသူတစ်ဦးကမ​ပြောင်းလဲ​ပေ။ ဒါန်းလှရွာ ဆိုတဲ့ အ​တော်တိုးတက်​နေပြီဖြစ်​သော အရပ်မှ ဤဆိုင်​လေးသို့​နေ့စဉ်တကူးတကလာ​သောက်​နေကျသူ၊ ရွာလေးက​နေရွာကြီးဖြစ်လို့ ရွာတွင်း ဆိုင်​တွေစုံ​​အောင်​ပေါက်လာ​သော်လည်းအဘိုးအိုက ရပ်​ဝေးကဆိုင်​လေးသို့တကူးတကသွားမြဲ...

"​ဟေ့​ကောင် ခင်​မောင်တိုးရဲ့ လွမ်း သီချင်း ဖွင့်ကွာ"

"အဘကလည်း... ​နေ့တိုင်းဒါပဲ မရိုးဘူးလား။"

"ငါ​ဆေးလိပ်မ​​သောက်ဘူးကွ ပြန်ယူသွား"

စားပွဲထိုး​လေး မှားချတဲ့​ဆေးလိပ်ဘူးကို ပြန်​ပေးလို့ အိမ်သူမကြိုက်တဲ့အရာ ဆိတ်ကွယ်ရာတွင်ပင်မလုပ်ဟုဆုံးဖြတ်ထား​သော သူကကြိမ်း​မောင်းသည်။

*လွမ်း... ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း...
လွမ်း... ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း...*

"ရိပ်​ရေ... ​မောင် ကတိတည်တယ်​နော်
ဆေးလိပ်ပြန်မ​သောက်ဘူး။"

ဆိုင်ခုံ​ပေါ်ကဓါတ်ပုံ​လေးထဲမှာ​တော့ အသက်၅၀​ကျော်အရွယ် လူကြီးတစ်ဦး ​နေကြာပန်းခင်းကြီး​ရှေ့မှာ ပြုံး​နေ​​လေရဲ့...

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now