အခန်း(၁၆) Unicode

6.7K 578 96
                                    

Unicode
*******

​ရေခဲက အသားညို​ပေမဲ့ လူ​ချော​လေးဖြစ်တယ်။ ​ထောင်ကထွက်ခါစ ကထက် သပ်ရပ်လာတဲ့ပုံစံနဲ့ပိုကြည့်လို့​အဆင်​ပြေလာ​ပေမဲ့ အရှည်မြန်တဲ့ဆံပင်​တွေက ဂုတ်​ထောက်​နေပြီး မျက်နှာကိုအုပ်​နေတယ်။အနီးစပ်ဆုံး​ပြောရရင် အရင်ကနာမည်ကြီးတဲ့မင်းသားဟက်ကက်နဲ့ပုံစံတူတယ်။

"​​ရေခဲ မင်းဆံပင်​တွေကလည်း ရှည်လိုက်တာ
ရုပ်ပြထဲက​ လေးမွန်၊​ထွေးမွန်တို့နဲ့​တောင်တူတယ်။ ညှပ်မလား။ ငါညှပ်​ပေးမယ်။"

အိမ်​ပေါက်ဝမှာ ကာတွန်းရုပ်ပြ​တွေထိုင်ဖတ်​နေတဲ့ရိပ်က အလိုမကျသလို​ပြော​တော့ အုန်း​မွှေးလုံး​လေးက သူတို့ဝယ်လာတဲ့ကြက်ဥ​ခေါက်မုန့်စား​နေရင်းက လှမ်းတားတယ်။

"​ဖေကြီး မှားမယ်​နော်
သားလိုအုန်းမှုတ်ခွက်​ကေဖြစ်သွားမယ်"

​ဖေ​ဖေ့​ကြောင့်သူ့ဆံပင်ကိုအတန်းထဲက ​သူငယ်ချင်း​တွေအမြဲစ​နေကြတာ နာမည်​ပြောင်​တောင်အုန်း​မွှေးလုံးဖြစ်တဲ့အထိ...

"သားသား​နော် ​ဖေ​​ဖေညှပ်​ပေးတာမကြိုက်ဘူးလား။ ​နောက်ဆို မညှပ်​ပေးဘဲ​နေလိုက်မှာ"

"​ဖေ​ဖေညှပ်​ပေးတာ သူများ​တွေကစတယ် ​ဖေ​ဖေရဲ့... သားသားကို မသနားဘူးလား။ "

သားအဖနှစ်​ယောက်အ​ခြေအတင်​ပြော​နေတာကြည့်ပြီး​ရေခဲမှာ​​​ခေါင်သူကြီးစိတ်မကွက်ရန်ခေါင်းထိုး​ပေးလိုက်ရသည်။

"ညှပ် ညှပ် ကတုံးဖြစ်လည်းရတယ် ရိပ်ညှပ်တာဆိုပြီးတာပဲ"

"မင်းမညှပ်ချင်ရင်မညှပ်ပါနဲ့။ ဆံပင်ညှပ်ဆိုင်ပဲသွားလိုက်​တော့"

အလိုလို​နေရင်းစိတ်​ကောက်သွား​သော အ​ဖေ​သေး​သေး​လေးပါပဲ။

​ရေခဲလည်း ဘာမှမလုပ်လိုက်ရပါ။

စာအုပ်ဝယ်ခိုင်းမိတာမှားသလားပဲဆိုရမည်။ ရိပ်က အားလပ်ချိန် ရုပ်ပြ​တွေထိုင်ဖတ်ကာသူ့ကိုစကားမ​ပြော​တော့​ပေ။ ကို​ဆွေနိုင် က​လေးလာပို့ချိန် ​ရေခဲနဲ့ စကားနိုင်လုရင်​တောင်ဝင်မ​ပြော​တော့။​ရေခဲကပဲ ​ပြောစရာကိုကြံဖန် ရှာ​နေရသည်။

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now