အခန်း(၁၃) Unicode

5.7K 516 43
                                    

Unicode
*******

'ချိုပြုံးရွှင်​သော နှမပျိုငယ်
တစ်ကိုယ်လုံးပင်​ချော အလှပိုတယ်
မြို့မနဲ့တစ်မိတည်း
ဖွားလို့ ဆို​တော့မယ်ကွယ်(၂)'

​တောင်ရှည်​လေးနဲ့ ​ခေါင်း​ပေါင်း​လေး​ပေါင်းကာ နှုတ်ခမ်း​မွှေး​လေးတပ်ထား​သော လူကြီးအတုလေး၏ အသံ​သေး​သေး​လေးကမိုက်ကတစ်ဆင့်ထွက်လာ​တော့ ရိပ်တို့လက်ခုပ်တီးကြရသည်။

"​တော်​သေးတယ် သားကို ည​နေပိုင်းမှ ဆရာက အချိန်​ပြောင်း​ပေးလို့"

တစ်နေ့က ​နေမ​ကောင်းတဲ့ က​လေးက အခုကျ ​ပျော်​နေလိုက်တာများ...

"က​လေးက စိတ်အားထက်သန်တာလည်းပါပါတယ်။ မြူရိပ်သားက အနုပညာပိုးနဲ့ဗျ"

​သင်္ကြန်ပြဇာတ်မို့ သင်္ကြန်သီချင်း​လေးကို သားသားနဲ့ သူ့အတန်း​​ဖော်​လေး​တွေ တချို့က ယိမ်းကလို့ သီဆို​နေကြသည်မှာ အသံ​သေး​သေး​လေးကို သွင်းပြီး က​လေးကိုယ်မှာ မိုက်နဲ့တပ်ထားတာ​ပေမဲ့လို့ သားရဲ့ဟန်ပန်​တွေနဲ့အ​တော်​လေးစပ်ဟပ်မိလှသည်။

'အ​မောက်က​လေး တ *တတ* နဲ့ ​ညှောက်ရို့​ပေးတာ မဟုတ်ဘူးကွယ်'

မိုက်ထဲက အသံ​လေး​ကြောင့် လူ​တွေ ပွဲကျကုန်သည်။ နှုတ်ခမ်း​မွှေးအတု​လေးနဲ့စိတ်အိုက်လာတဲ့ အဆို​တော်​လေးက နှုတ်ခမ်း​မွှေးကိုဆွဲဖြုတ်လို့လက်က ကိုင်ကာ သီချင်းဆက်ဆိုသည်။ ​တောင်ရှည်​လေးကိုကျွတ်မှာစိုးလို့ ရိပ် ကြိုးနဲ့ချည်​ပေးထားလို့သာ ​တော်​တော့သည်။

"ဟားဟား... ချစ်စရာ​လေးကွာ အခုထိ ညနဲ့မ  မကွဲ​သေးဘူး။ မြူရိပ် ငယ်ငယ်ကလည်း အဲ့တိုင်းပဲ​​နေမယ် ဟုတ်လား။"

"ဆရာကလည်း မဟုတ်ပါဘူး​နော်"

ရိပ် က သားအတွက်​တောင်ရှည်​လေးဝယ်​ပေးရ​တော့ သူ့အတွက် ရိုးရိုးရှပ်အင်္ကျီလက်ရှည်​လေးသာ ပွဲကို ဝတ်လာရသည်။ အင်္ကျီ​လေးက မဲနယ် ​ကြောင့် ရှင်းသန့်​နေ​ပေမဲ့ အ​ဟောင်းမှန်းသိသာလှသည်။ ​ရေခဲ မလှမ်းမကမ်း​နေရာက​နေသာ ရ၍ စိတ်တို​နေရတုန်း ကို​ဆွေနိုင့်ကို ဆရာမတစ်​ယောက်လာ​ခေါ်သွား၍ အမြန်​နေရာလုလိုက်သည်။

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)On viuen les histories. Descobreix ara