အခန်း(၆) Zawgyi

2.4K 96 6
                                    

Zawgyi
*******

ရိပ် လည်ရှည်ဘွတ်ဖိနပ်​​လေးစီးပြီးညစာအတွက်ကိုင်း​​တောထဲကင်းမွန်သီးခူးရန်ခြင်းတစ်လုံးယူလိုက်သည်။

ဟင်းစားအတွက် တစ်နိုင်တစ်ပိုင်စိုက်ထားတဲ့အသီးအရွက်​လေး​တွေရှိလို့သာထမင်းမငတ်ကြတာ... ရိပ်လိုအိမ်ငှား​တွေအတွက် ပိုက်ဆံကရှာရအခက်ဆုံး... ​ဈေးခွန်ကလည်း​ပေးရ​သေး​တော့ တကယ်မလွယ်...

"အချိုသီး​တွေ သားအကြိုက်ပဲ"

ရိပ် ​လေး ငါးလုံး​လောက်တစ်ဆက်တည်း ခူးချလိုက်သည်။
ကင်းမွန်သီးကအချိုမှစား​ကောင်းတာဖြစ်ပြီး အခါးဆို က​လေးမ​ပြောနဲ့။လူကြီး​တောင်မစားနိုင်။

ရိပ်နဲ့ခင်တဲ့ ​ဒေါ်​လေးနှစ်​ယောက်ကို ဟင်းရွက်ခူး​​​နေတာတွေ့လို့နှုတ်ဆက်ရန်ပြင်လိုက်​ပေမဲ့ သူတို့စကားထဲ ရိပ်နာမည်ပါလာ၍ အသာငြိမ်​နေလိုက်သည်။ ဘာ​တွေများ​ပြောမလဲ။

"မြူရိပ်က ​ရေခဲကိုပြတ်မှာမဟုတ်ဘူး​​​အေ့
ရေခဲကလည်း ​ထောင်ကထွက်တာ​တောင်သူ့ဆီတန်းလာတာ​လေ
ခေါ်တာ​တောင်မှ ရိပ်တဲ့ ငါ့ကိုသူတို့အိမ်နားကမနု​ပြောပြတာ"

"မနုကလည်း သူများလင်​တွေကြားသိပ်ဝင်ပါတာပဲ အပျိုကြီးတန်မဲ့"

"ဒါမျိုးကစပ်စုလို့​ကောင်းတာကိုး​အေ
ငါအစကထင်ခဲ့တာ မြူရိပ်​တော့ ဗိုက်တစ်လုံးနဲ့ခိုကိုးရာမဲ့ သနားစရာ​ပေါ့ သက်ဇင်ကလည်း ​သေသွားတယ်မလား အမ​လေး​တော် ​ရေခဲတို့လိုလူမျိုး​တွေ အ​လေးထားတတ်မှန်းခုမှသိရတယ် မြူရိပ်ဆီတန်းတန်းမတ်မတ်ပြန်လာတာသာ ကြည့်..."

"ဟဲ့ ပြန်လာစရာအ​ကြောင်းအရင်း​လေးက ရှိ​နေတာကိုး မြူရိပ်ကသူ့သား​လေး​မွေး​ပေးထားတာ​လေ"

"ဟုတ်ပ ဟုတ်ပ ဒါလည်း​ကောင်းပါတယ်
ရေခဲ ​ထောင်ကထွက်လာလို့အရင်လိုသူ့အိမ်နားကုပ်​ချောင်းကုပ်​ချောင်းလုပ်​နေတဲ့​ကောင်​တွေမရှိ​တော့တာ
မြူရိပ်က ဆင်းရဲ​ပေမဲ့ မိန်းမရှုံး​​အောင်လှတဲ့အပြင် က​လေးလည်း​မွေးနိုင်​တော့ လိုချင်ကြမှာပဲ။ရေခဲမရှိဘဲ ၃ ၄နှစ် ​လောက်တည်တည်တံ့တံ့​နေနိုင်တာပဲအံ့ဩဖို့​ကောင်း​နေပြီ။မြူရိပ်ကိုလိုချင်တဲ့ ကာလသား​တွေမှတစ်ပုံကြီး အရင် သူ့အ​မေလက်ထက်က အ​ကြော်​ရောင်းရင် ဆိုင်မှာလူပျို​တွေကိုအုံလို့ မြူရိပ်ကိုလာလာပိုးကြတာ​လေ
ရေခဲကလက်သွက်လို့သာ"

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Où les histoires vivent. Découvrez maintenant