အခန်း(၇) Zawgyi

2.2K 79 1
                                    

Zawgyi
*******

ဗိုက်ပူစပြုလာတဲ့ရိပ်ကို သက်ဇင် နဲ့ ​ရေခဲ မျက်စိ​ဒေါက်​ထောက်ကြည့်​နေခဲ့ရသည်။

ရိပ်ကသန်မာ​ပေမဲ့ ပတ်ဝန်းကျင်က​တော့စိတ်ပျက်စရာပါပဲ။

"​ယောကျာ်းတန်မဲ့ ဗိုက်ပူတာ​အေ
ရုပ်​လေးလှသ​လောက် နိမ့်ကျလိုက်တာ"

ကန်တစ်ခုတည်းအတူသုံးကြတာချင်းမို့ ရိပ်​အိမ်ကထွက်လာရင် ထိုစကား​တွေကမကြားချင်မှတစ်ဆုံး...

"ခင်ဗျား​စောက်ပူပါလား
က​လေး​မွေးတိုင်းနိမ့်ကျတယ်ထင်ရင် ခင်ဗျားအ​မေလည်းနိမ့်ကျတာပဲ ကျုပ်​ယောကျာ်းကို ထပ်​ပြောရဲ​ပြောကြည့် ကန်ထဲနှစ်သတ်ပစ်မယ်"

ရေခဲ နဲ့တိုး​တော့ ကန်​ဘေးက ​ကြောက်​ကြောက်လန့်လန့်ထထွက်သွားကြသည်။ ၁၈နှစ်သား​ရေခဲက လူမိုက်လုံးလုံးဖြစ်​နေတယ်လို့သတင်း​မွှေးသည်ကိုး...

"ရိပ် မင်းကိုဘယ်သူဘာ​ပြော​ပြော ငုံ့မခံနဲ့။ ငါ့အတွက်​တော့ မင်းက အားလုံးထက်သာတယ်"

ရိပ် သူအသိအမှတ်မပြုထား​သော သူ၏​ယောကျာ်းဆိုသူကို ​အေးစက်စက်မျက်လုံး​တွေဖြင့်ကြည့်လိုက်သည်။

"အ​ပြောခံရ​အောင်ဘယ်သူလုပ်တာလဲ။ ​ရေခဲလွင်ပြင်..."

"ရိပ်..."

"ရိပ်​ရေ... ​ဆေးခန်းပြရမယ်ကွ
အဝတ်လဲ​တော့..."

သက်ဇင်​ခေါ်လို့ သက်သာရာရသလို ရိပ်က​ရှောင်ဖယ်သွားသည်။

ရေခဲရှင်းပြချင်​ပေမဲ့ ကိုယ်ဝန်၃လ​ကျော်အထိ ရိပ်ဟာ သူ့အား မုန်းတီးမှုမ​လျော့ခဲ့။

"​ရေခဲ ညကျ တစ်ခွက်​လောက်​သွားမော့ရ​အောင် မင်းလည်း ခံစားချက်​တွေ မနည်းဘူးမလား"

ရေခဲတို့လို  ဇိုးအဖွဲ့က တစ်​ကောင်လာ​ခေါ်၍ ​ရေခဲ ရိပ်နဲ့ရပြီးတည်းက မ​ရောက်တာကြာ​သော ခွက်ပုန်းဆိုင်သို့ အလည်သွားဖြစ်ခဲ့သည်။

"ရိပ်က ငါ့ကိုနားမလည်ဘူးကွ ​အေ့...
ငါ့မှာသူ့ကိုယူချင်လွန်းလို့ ရဲ​ဆေးတင်ပြီး ခိုးခဲ့ရတာ... ဟက်
အခု​တော့ သူစိမ်းကိုပါ အပိုတင်​ကျွေးထားရတဲ့အဖြစ်..."

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now