အခန်း(၁၇) Unicode

6.3K 538 120
                                    

Unicode
*******

"ရိပ်​ရေ  အိမ်လခရက်​စေ့မှသွားမယ်​နော် နို့မို့ နှ​မြောစရာကြီး"

"အင်းပါ ​မောင်ရယ် ​စေးနှဲလိုက်တာ"

"​စေးရတာ​ပေါ့။ အနာဂတ်သားသားမီးမီး​လေး​တွေအတွက်ကြိုပြင်ထားမှ​တော်ကာကျတာ"

"​ရေခဲလွင်ပြင်!!! "

ရိပ်​အော်လိုက်တာ​​တောင်မရပ်​သေးဘဲ ​နောက်ထပ်က​လေးလိုချင်​ကြောင်းကိုတတွတ်တွတ်​ပြော​နေပြန်သည်။

*ဪ... ​ယောကျာ်း​တွေများ ရ​လေ လို​လေ*

ရိပ် သား​လေး ကစားစရာ​လေး​တွေ သိမ်း​ပေးရင်းက ပြန်တုံ့ပြန်လိုက်သည်။

"က​လေးတစ်​ယောက်ကုန်ကျစရိတ်ထက် ​မွေးကင်းစက​လေး ဗာဟီရ က ပိုများတာ သိတယ်မလား။"

"ငါမသိခဲ့ဘူး ရိပ် မင်းသား​မွေးချိန် အနားမှာ မရှိခဲ့​တော့..."

ရိပ်သက်ပြင်း​လေးချကာ အိမ်​အောက်မှာ ဘိုးနဲ့ ကဗျာ​တွေ ရွတ်ပြ​နေ​သောအုန်း​မွှေးလုံး​လေးကို အမြတ်တနိုးကြည့်ကာဆိုသည်။

"ငါက​တော့ ဘယ်လိုပဲပင်ပန်းခဲ့ပါ​စေ လူမဆန်တဲ့ ဖျက်ချမှုကို မလုပ်ခဲ့တာ ကိုယ့်ဘာသာ ​ကျေးဇူးတင်မိတယ်။အဲ့လိုသာလုပ်မိခဲ့ရင် ငါအခုလို မိသားစု​လေးရမှာမဟုတ်ဘူး။"

ရိပ် လက်က​လေးကိုင်ပြီး သားသားအတွက် ပင်ပန်းခဲ့တာ​တွေကိုအသိအမှတ်ပြု​​သောအားဖြင့် မသိမသာ​လေး ဖိညှစ်လိုက်သည်။

"မင်း ကဖခင်​ကောင်းပါ ရိပ်ရယ်"

​ရေခဲ​ပြောတာကြား​တော့ ရိပ်မျက်နှာပျက်သွားသည်။ ဘာလို့များလဲ။

"ဘာဖြစ်တာလဲ။ ရိပ်"

"ငါကအပြည့်အဝဖခင်​ကောင်း​တော့မဟုတ်ခဲ့ဘူး ​ရေခဲ... လသားက​လေး​လေးကို သူစိမ်းလက်ထဲအပ်ပြီး ရရာ အလုပ်​တွေ ​လျှောက်လုပ်ခဲ့တာ... ငါ့စိတ်ထဲမှာလည်း အဲ့အချိန် က​လေး နို့ဘူးဖိုးရှာရမယ်ဆိုတာပဲသိခဲ့လို့ မီးဖွားပြီး​ဆေးရုံကဆင်းခါစ​ပေမဲ့ ငါအလုပ်မနားရဲခဲ့ဘူး။ငါနားလိုက်ရင် ငါ့သား​လေးနို့ဆာလို့ငိုလိမ့်မယ် က​လေးကို ဘုန်းကြီး​ကျောင်းကကပ္ပိယကြီးဆီ နို့ဘူးနဲ့အပ်ပြီး မနက်ဆို နွားခြံမှာ နို့ညှစ်ရတယ် နွားစာစဥ်းရတယ် ​နေ့လယ်က​နေစပြီး ကြက်ဆင်ခြံမှာ သန့်ရှင်း​ရေးဝင်လုပ်ရတယ် ​လေးပင်တဲ့အလုပ်​တွေမလုပ်နိုင်တဲ့ ငါ့အတွက် လွယ်ကူတာ အဲ့အလုပ်​တွေပဲ။"

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now