အခန်း(၂၁) Zawgyi

2.2K 63 15
                                    

Zawgyi
*******

သက်ဇင် ​ရေခဲတစ်​ယောက်တည်း ဆိုင်ခင်း​နေတာမြင်​တော့ ​ဘေးဘီကြည့်ရင်း​မေးလိုက်သည်။

"ရိပ်​ရော... သူမနိုး​သေးဘူးလား။"

"နိုး​နေပြီ။ ကိုယ်လက်နာ​နေလို့ ငါက မထခိုင်းတာ"

သက်ဇင်က​ခေါင်းတညိတ်ညိတ်နဲ့ ​ခေါက်ဆွဲဗန်း​တွေ ကူမ​ပေးသည်။ ​​ရေခဲ လယ်ထဲ မသွားခင် ရိပ်အတွက်အကုန်အဆင်သင့်လုပ်​ပေးလိုက်သည်။ရွာမှာတချို့က ဆီချက်ကိုမနက်စာအဖြစ်လာစားကြသည်မို့...

"​မောင်​ရေ... သွားရင် သွား​တော့​လေ သက်ဇင်လည်းရှိသားပဲ။"

မနက်၆နာရီက ​စောလွန်း​ပေမဲ့ လယ်သမား​တွေအတွက်ကျ ​နောက်ကျ​နေပြီ။ သူများပိုင်လယ်မို့ အလုပ်ရှင်မျက်နှာကြည့်ရမည်မလား။

ရေခဲက မမှိတ်မသုန်နဲ့ စားပွဲခုံ​တွေ ချပြီး​တော့ ရိပ်ဆီလာကာ ပခုံးနှစ်ဖက်ကိုဆွဲကိုင်လို့​မေးသည်။

"အဲ့​ကောင်ကို ​မောင့်ထက်အားကိုးသလား။"

"ဘာမဟုတ်မဟပ်​တွေ ​ပြောပြန်ပြီလဲ။ 
မောင်​ရေခဲ မှတ်ထား မြူရိပ်​သွေးတို့က ကိုယ့်အားပဲကိုယ်ကိုးတယ်။ ဘယ်သူ့အကူမှ မကြိုက်ဘူး လွှတ်"

စလို့ စမှန်းမသိ​သော က​လေးအ​ဖေ​လေးနဲ့ ​ရေခဲ မနက်ခင်းစကားစစ်ပွဲ​လေးကျင်းပလိုက်ရသည်။

"​ဖေ​ဖေ သားသား ဝက်​မွေးချင်တယ်"

"​ပေါက်စတို့ကလုပ်လာပြီ။ ​ဖေ​ဖေဝက်မဝယ်နိုင်​သေးဘူး သားရဲ့... ဘာလုပ်ဖို့​မွေးမှာလဲ။"

"ဝက်​ပေါက်​လေး​တွေက ချစ်စရာ​လေး ​ဖေ​ဖေရဲ့ သားသားစီးချင်လို့..."

"ဗု​ဒ္ဓေါ..."

သက်ဇင်ကတခွီးခွီးရယ်ပြီး ဝက်စီးချင်တဲ့ အုန်း​မွှေးလုံးကို သူ့ကား​ပေါ် ​ခေါ်သွားသည်။ ​ဈေးဝယ်​တွေက ရိပ်ရဲ့ ဓါးလှီး​ခေါက်ဆွဲနဲ့ ကြက်သွန်မြိတ်ဟင်းရည်ကိုနှစ်ခြိုက်စွာအား​ပေးကြသည်။ ဆိုင်အတွက်ကြက်တစ်​ကောင်​နေ့စဉ်ဝယ်ရသည်။ ရွာက​မွေးမြူ​ရေး​ပေါလို့​တော်​သေးရဲ့... မြို့မှာဆို ရိပ်မှာ ကြက်တစ်​ကောင်မ​ပြောနဲ့။ တစ်ခြမ်းပင်မဝယ်နိုင်။

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Donde viven las historias. Descúbrelo ahora