အခန်း(၄) Unicode

7.7K 642 55
                                    

Unicode
*******

တစ်ညလုံးခြင်​တောထဲ ဝါးစုဘူး​လေးပိုက်ရင်း​ရေခဲအ​တွေးများ​နေခဲ့သည်။

'ငါဘာလို့ အဲ့အလုပ်လုပ်ခဲ့လဲ မင်းတကယ်မသိဘူးလား ရိပ်ရာ...
မင်းကိုမ​တောင့်မတ ထားချင်ခဲ့လို့ကွ...'

​ပြောမှ​သိမဲ့လူစားမျိုးကို​ရေခဲကလည်း​​အောက်ကျ​နောက်ကျခံမ​ပြောချင်​ပေ။ သားတစ်​ယောက်​တောင်ရ​နေပြီ။ သူသာ စိတ်ရှိသလိုလုပ်ရင်မြူရိပ်​သွေးတစ်​ယောက်​တောင့်ခံနိုင်မှာတဲ့လား။

ရိပ်ကြည့်ရတာ သူငယ်ချင်း​သေသွား​တော့အားကိုးရာမဲ့ပြီးအနားရှိတဲ့ ​ဒေါ်ဘုမကို အမြတ်ကြီးစားမှန်းသိ​သိကြီးနဲ့မ​ပြောရဲ၊မဆိုရဲ ​နေခဲ့ပုံရသည်။ အိမ်ကလည်းစုတ်ပြတ်လို့... ထရံ​တွေဆိုတာ လက်နဲ့ထိရုံ ​ပေါက်ထွက်နိုင်သည်။ ကြမ်း​တွေကလည်း ကျဲလို့... အုန်း​မွှေးလုံး​လေး ​​ခြေ​ချော်ကျမှာ​တောင်စိုးရိမ်ရသည်။

သားနဲ့သူ့အသက်ကယ်ထားလို့ ဘာ​ပြော​ပြောသည်းခံခဲ့တဲ့ရိပ်ဟာ ရွံမုန်းစရာ နာမ်စား​တွေနဲ့ဘယ်​လောက်တောင်ထိုးနှက်ခံခဲ့ရမလဲ။

​ရေခဲ ရှင်းပြချင်သည်။
သူ​မှောင်ခိုလုပ်တာ ရိပ်​​ရှော​ရှောရှူရှူ မီးဖွားနိုင်​အောင်ကြိုးစားခဲ့တာ...

ပညာမတတ်တဲ့ ​ရေခဲက ​ရေရှည်ပိုက်ဆံရတဲ့အလုပ်ရှာဖို့ခက်သည်။ လူပျိုဘဝကထင်တိုင်းကြဲခဲ့​တော့ ရိပ်ကိုသူ့ဘဝထဲဆွဲသွင်းချိန် လက်ထဲမှာပိုက်ဆံက​ထောင်ဂဏန်းသာရှိသည်။ မထင်မှတ်ဘဲ ရိပ် ဗိုက်ပူလာ​တော့ နှစ်​ယောက်စလုံးဗျာများခဲ့ရသည်။အဲ့အချိန်မှာ သူ့ကိုအလုပ်ကမ်းလှမ်းတာ ရပ်ကွက်ထဲ ပွဲစား​ယောင်​ယောင် ဘာ​ယောင်​ယောင် ​ကောင် စံ​ဖေ...

ပစ္စည်းပို့​ပေးရုံပဲဆိုလို့ ရမဲ့ ​ငွေ ငါး​သောင်းမက်ပြီးပို့​ပေးဖြစ်တယ်။တစ်ခါပို့ပြီးတိုင်း ငါး​သောင်း​ပေးတယ်။၃ခါ​မြောက်မှာ​တော့သုဝဏ္ဏတံတား​ပေါ်မှာ ဘိန်းဖြူထုပ်ကိုင်ပြီးစောင့်​နေတဲ့ ​ရေခဲအဖမ်းခံလိုက်ရ​တယ်။​ရေခဲကိုအသုံးချပြီးလုပ်စား​နေတဲ့ဟာ​တွေက​တော့လွတ်သွားတာ​ပေါ့။ သက်​သေမှမရှိဘဲ...

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now