အခန်း(၂၄) Zawgyi

1.5K 64 6
                                    

Zawgyi
********

*ချစ်လို့ခွင့်လွှတ်​ပေးတာမဟုတ်ဘဲ အမှားကျူးလွန်သူကမင်းဖြစ်​နေလို့ပါ*

'​မောင်​မေးတဲ့ ​မေးခွန်းကိုရိပ်အကြာကြီးစဉ်းစားခဲ့ပြီးပြီ။ ထမင်းတစ်နပ်အတွက်ရုန်းကန်​နေရတဲ့ ​ခြေလှမ်း​တွေမှာ အချစ်ဆိုတာ မပါသ​လောက်ပဲ။ ရိပ်သိတာ သား​လေးရယ်၊ တစ်​နေ့စာ စား​လောက်ရုံဝင်​ငွေရယ်ပဲ။ ​မောင့်ကိုချစ်မိသွားတာဘယ်အချိန်တည်းကလဲ မ​ပြောတတ်ဘူး။ အရင်တည်းကလည်းဖြစ်ချင်ဖြစ်မယ်။ ​မောင်ထောင်ကလွတ်ပြီးမှလည်းဖြစ်ချင်ဖြစ်မယ်။ ဒါ​ပေမဲ့ အခုချိန်မှာ ရိပ်သိတာက​တော့ ​မောင်က ရိပ်တို့မိသားစု​လေးကိုဒုက္ခရောက်​အောင်လုပ်မဲ့သူမဟုတ်ဘူးဆိုတာရယ်၊ ရိပ်ကိုတကယ်ချစ်တယ် ဆိုတာရယ်ပဲ။'

သူအိပ်​​နေစဉ်မှဝန်ခံရဲတဲ့အ​ရေအတွက်​တွေ ဘယ်​လောက်​တောင်များသလဲ ရိပ်မ​တွေးကြည့်နိုင်​ပါ။ သူ့နဖူးကိုတိတ်တဆိတ်နမ်းလို့ မနက်အလုပ်အတွက် ပြင်ဆင်ရတယ်။

"ကားလမ်း​ဘေးမှာ ​ရောင်းမယ် ဟုတ်လား ရိပ်"

"ဟုတ်တယ် ​မောင်
ရွာက တစ်ခုခုဆို စိတ်ထင်ရာ​ပြောကြပြီးဝိုင်းကြဉ်​တော့ ဝယ်စားကြမှာမဟုတ်ဘူး။ ​မောင်နဲ့ရိပ် တို့သားအဖ လူသွားများတဲ့ ​နေရာမှာဆိုင်ခုံ​လေးချ​ရောင်းမယ်။ မန္တ​လေးက ကားရှုပ်ပါတယ်။ လူလည်းများတယ်။ အဲ့​တော့ဒီစီးပွား​ရေးအတွက်အသင့်​တော်ဆုံးပဲ ​မောင် ပြီး​တော့..."

"ပြီး​တော့ ဘာဖြစ်လဲ။"

ရိပ်က မချွဲစဖူးသူ့လက်​မောင်းကိုချိတ်လို့ တိုးညင်းညင်း​ပြောလာတယ်။

"​မောင့်ကိုအလိုမရှိတဲ့အရပ်မှာလည်း ငါမ​နေချင်ပါဘူး။ "

"ရိပ်ရာ..."

သူနဲ့ရိပ်က တစ်​ယောက်အတွက်တစ်​ယောက်​တွေး​​ပေးလွန်းလို့ပြဿနာတက်တာဖြစ်သည်။ရေခဲသ​ဘောကကျ ရိပ်​မွေးရပ်​မြေကိုသူ့​နောက်​ကြောင်းကြောင့်မစွန့်ပစ်​စေချင်သလို ရိပ်ဘက်ကကြည့်လျှင် ခင်ပွန်းဖြစ်သူကို လူရာမသွင်းတဲ့ အရပ်ကိုမည်မျှခင်တွယ်​နေပါ​စေ ​ခြေမချချင်ပုံ​ပေါ်​နေသည်။

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now