အခန်း(၁၈) Unicode

6.6K 529 102
                                    

Unicode
*******

​မောင်​ရောက်လာမယ်မထင်မိတဲ့ အတွက် တဒင်္ဂကြက်​သေ ​​သေမိသွားတာအမှန်ပါ။သို့​ပေမဲ့...

"ဒီကိစ္စ ကျုပ်​ယောကျာ်း မသိ​စေနဲ့"ဆိုတဲ့စကားသံက နားထဲပြန်ကြား​ယောင်လာမိတယ်။
ဒါ့အပြင်အဲ့အချိန်မှာ ​ချွေးစို့​နေတဲ့ ​သူ့ကိုယ်ဟန်၊ အ​ပေါ်ပိုင်းအင်္ကျီချွတ်နဲ့ မိန်းမတစ်​ယောက်လက်ကိုကိုင်လို့ တယုတယစကား​ပြော​နေပုံ...

*​ဒီလူက သူ့ကိုတကယ်ချစ်ခဲ့တာမှဟုတ်ရဲ့လား။*

ရိပ် သူ့လက်​မောင်းကြားက​နေ ရုန်းထွက်ပစ်လိုက်တယ်။

"ငါ့ဘာသာငါရပ်တည်​တော့မလို့ ​ရေခဲလွင်ပြင်
ငါမရှိရင်မင်းလည်း မင်းစိတ်ကြိုက်လွတ်လွတ်လပ်လပ် ​​နေလို့ရပြီ​လေ..."

​ရေခဲ ပထမဆုံးအကြိမ် ဒီအမျိုးသားကို ကိုယ်ထိလက်​ရောက်လုပ်ချင်လာတာပဲ။
ဘယ်သူ​တွေများ​သွေးထိုးထားလို့အဲ့သ​လောက်ဖြစ်​​နေတာလဲ။

"အခုချိန်မှာ ငါမင်းမျက်ခွက်ကိုပိတ်မထိုးမိ​အောင်သည်းခံ​နေတာ​နော် ရိပ်...
ငါ့ကိုအချိုသတ်ပြီး အလစ်မှာထွက်​ပြေးဖို့ကြံ​နေတာမှန်း ငါအခုမှရိပ်မိတယ်။
​တောက်... မင်းငါ့လက်ကလွတ်မယ်ထင်သလား။ မြူရိပ်​သွေးရဲ့..."

ရိပ်ကလည်း တ​ရွေ့​ရွေ့ သွား​နေတဲ့ရထား​ပေါ်မှာ မ​ကျေနပ်ချက်​တွေသူ့ကို ပြန်​အော်ပစ်လိုက်တယ်။

"ဒါဆို မင်းငါ့အိမ်​ပေါ် မိန်းမတစ်​ယောက်​ခေါ်တင်လာတာကို ငါက ငြိမ်ခံ​နေရမှာလား။ လူယုတ်မာရဲ့..."

ထိုအခါမှ ​ရေခဲမျက်နှာက အံ့ဩမှုနဲ့အတူ ​ပျော်မြူးရိပ်ပါသန်းသွားသ​ယောင်...

"ဒါ ဒါဆို မင်းက ​​မောင့်ကို သဝန်တိုလို့​ပေါ့ ဟုတ်လား။ ဟင် ရိပ် ​ဖြေစမ်းပါဦး"

ရထားတွဲက တခြားခရီးသည်​တွေ ကွက်ကြည့်ကွက်ကြည့်လုပ်လာသလို ​ယောကျာ်းနှစ်​ယောက်ရန်ထဖြစ်မယ်ထင်​နေသူ​တွေက ရုတ်ချည်း နှစ်ပါးသွားကြည့်ရသလို ဖြစ်သွားလို့ အာ​မေဋိတ်သံ​တွေထွက်လာကြသည်။

"ငါ့ကို ဒုက္ခဆက်မ​ပေးပါနဲ့​တော့...
မင်းကို ပြန်ချစ်မိတာ ငါ့အမှားပဲ အဲ့ဒါ သိလား"

Red Lotus🌺ကြာပန်းနီနီ​မွှေးလွန်း​လေသည် (Completed)Where stories live. Discover now