တက္ကသိုလ် ဆက်တတ်တာလဲ ပြီးပြီ...အလုပ်လုပ်ဖို့ကျ ကိုကိုကလဲခွင့်မပြုပေ။ လက်ဆောင်ပေးထားသော ရေခဲမုန့်ဆိုင်ကိုလဲ တစ်ပက်တစ်ခါသာရောက်သည်။

အိပ်လိုက်စားလိုက်နဲ့ ခန္ဓာကိုယ် ကလဲ လုံးလာပြီး ပါးလေးတွေပါဖောင်းလာသည်။
စတော်ဘယ်ရီသီးကို ပလုပ်ပလောင်းစားကာ ရှေ့ကရုပ်ရှင်ကားကို သေချာကြည့်နေလေသည်။

ဧည့်ခန်းထဲမှာဖြစ်တာကြောင့် အနောက်က ဇေရဲမာန်ပြန်လာတာလဲသူမသိ....

ဇေရဲမာန် လဲချစ်မဝလေးကို အပြစ်မပြောရက် တာကြောင့် သူကပဲအနားသွားကာ...
"ကလေး....ကိုယ်ပြန်လာပြီ"
"ဟာ...ကိုကို...ဟီးး"

သွားလေးဖြဲပြနေလို့ ပါးလေးကိုဆွဲလိုက်ကာ...
"ကိုယ်ပြန်လာတာ မသိရအောင် ရုပ်ရှင်ကားက အဲ့လောက်တောင် စိတ်ဝင်စားစရာကောင်းနေတာလား"

"သား ဇာန်ဝင်သွားလို့ပါ...ဒီမှာလေ BL ကားကြည့်နေတာ ကြယ်စင်ကကောင်းတဲ့ဆိုလို့ Manner of Death တဲ့ အရမ်းကောင်းတယ်... "
"ဟုတ်ပါပြီဗျာ...ကဲ...ဒါဆို ကိုယ်ရေသွားချိုးတော့မယ်...ပြီးရင် ညစာစားကြမယ်လေ"

"သားလဲလိုက်မယ် ခဏနော်"
"ကလေးကြည့်ချင်ရင်ကြည့်နေလေ"

"ဟင့်အင်း ကိုကို့လောက်မှအရေးမကြီးတာ ခုမှကိုကိုကပြန်လာတာလေ ကိုကို့အနားနေချင်တာပေါ့"
"ဟားးး ချွဲစိန်လေးကွာ...ဒါဆို လာ အပေါ်တတ်ရအောင်"

လပြည့်ဝန်း လဲ TVပိတ်ကာ ဇေရဲမာန် နဲ့အပြန်အလှန်ပွေ့ဖက်ရင်း အိမ်ပေါ်တတ်သွားလေသည်။
_____________

"အဲ့လူအသံကို ဆရာမမှတ်မိဘူးလား"
"မမှတ်မိတာမဟုတ်ဘူး...သူကအသံကိုတမင်ဖျောက်ပြီးပြောတာကွ"

"ဒါဆို ဆရာလက်လျော့တော့မှာလား"
"ရူးနေလား...ဒီလိုခြိမ်းခြောက်မှုကိုကြောက်နေရင် ငါရဲတောင်မလုပ်ဘူး"

"ဒါဆို ဘာဆက်လုပ်မလဲ ရဲမှူးချုပ်ကို သွားတင်ပြရဦးမယ်"
"အေး ငါသွားလိုက်မယ်... မင်း အဲ့အနီးအနားက ဆိုင်တွေမှာ CCTV တပ်ထားလား သွားစစ်ဆေးခဲ့"

ထက်ပိုင် ကို အလုပ်ပေးခဲ့ကာ ရဲမှူးချုပ်ဝေယံဆီသို့ ထူးစစ်သော် ထွက်လာလိုက်သည်။
'ဒေါက်.... ဒေါက်.... ဒေါက်.... '
"ဝင်ခဲ့"

Near the love (Complete)Where stories live. Discover now