🖤1🖤

2.7K 167 28
                                    

Unicode

"ဂျောင်.."

"နောက်မဖြစ်စေရပါဘူး"

ဘယ်နှစ်ကြိမ်မြောက်ကတိပေးခြင်းလဲ။လက်ချိုးရည်ရင်တောင် ကျော်လွန်တဲ့အတိုင်းအတာဖြစ်နေပီ။

"ကိုယ်တစ်ကယ် ကတိပေးပါတယ်"

"ကောင်းပီလေ.."

ဝှီးချဲပေါ်ကမထနိုင်တဲ့သူတစ်ယောက်မို့လို့ အကြင်သူနဲ့မျက်နှာချင်းမဆိုင်ချင်တော့ရင်တောင် ထထွက်သွားလို့မရဘူး။ဒီတော့ ကျောခိုင်းထားတာအကောင်းဆုံးပေါ့။

"စိတ်ဆိုးသွားတာလား အချစ်လေး"

နောက်ကျောဘက်ကနေ သိုင်းဖက်ရင်းပြောလာသော ‌လေသံချိုချို။
သေချာတာကတော့ မင်ဟာအွန်း တောင်းပန်စကားတွေကြားရပါဦးမယ်။

"ကိုယ်တောင်းပန်တယ်နော် နောက်မဖြစ်စေရဘူး ကတိ ကတိ"

"ဂျောင့် ကတိတွေက တကယ်ရော တည်မှာမို့လို့လား အရင်ကရောတည်ခဲ့လို့လား"

"ဂျွန်ဟာအွန်း ကိုယ်တောင်းပန်တယ်လေ အတိတ်က အတိတ်မှာဘဲထားခဲ့ပါ"

" ...."

"ကဲ စိတ်ဆိုးပြေပါတော့ ဒီမှာစတော်ဘယ်ရီတွေ အချစ် ကြိုက်တယ်မို့လား ၊စားနှင့်နော် ကိုယ်ရေချိုးလိုက်အုံးမယ်"

အပြင်လောကနဲ့ အဆက်အသွယ်မရှိပေမဲ့ အကြင်သူ အပြင်မှာဘာတွေဘလို ပွေရှုပ်နေတယ်ဆိုတာတော့ အိမ်သူသက်ထား က အိမ်မှာထိုင်နေလျက်ပင် အားလုံးကြားသိနေရပါသည်။

J&Y Fashion Groupရဲ့CEO JeonJungKookက ဒိန်ဒိန်ကျဲသူဌေးစာရင်းထဲမှာ 1to 5ကနေမဆင်းဘူး။
စီးပွားရေးလောကရဲ့ အသက်အငယ်ဆုံးCEO ဂျွန်ဂျောင်ကု ကိုတခြားသောမည်သူမည်ဝါ မဆို မချီးကျူးဘဲမနေကြပါ၊ သို့‌သော် ထိုသူမှာ အများကဲ့ရဲ့ဖွယ်ရာ မွေးရာပါ သန္ဓေဆိုးတစ်ခုလဲ ကပ်တွယ်နေသည်။

မင်ဟာအွန်း ကတော့ ဂျွန်‌ဂျောင်ကုရဲ့ တရားဝင်ဇနီး သဲသဲလှုပ်အချစ်ခံလေးပေါ့။
ဒါပေမဲ့ မလှုပ်ရှားနိုင်တဲ့ချို့ယွင်းတစ်ခုကတော့ ထိုအကြင်သူကိုယ်တိုင် ဖန်ဆင်းခဲ့တာဆိုပါတော့။

"အချစ် ကိုယ် အလုပ်သွားတော့မယ် ညနေနောက်ကျမယ်နော် ကိုယ့်ကိုမစောင့်ဘဲ ညစာစားနှင့်နော်"

🄷🄾🄼🄴{Sᴇᴀsᴏɴ1}Where stories live. Discover now