အပိုင်း(၃၁)

Start from the beginning
                                    

စည်သူက စီးပွါးရေးပဲ လုပ်ချင်တယ်ဆို၍ ပါပါးက အိမ်ဆောက်ပစ္စည်းဆိုင်တစ်ခု ဖွင့်ပေးဖို့ စီစဉ်နေကာ
ပါပါးအသိ ဆောက်လုပ်ရေးကုမ္မဏီတွေဖြင့်တောင်
ချိတ်ဆက်ပေးဖို့အထိ မြေအဖိုးနှစ်ယောက်က
ခြေလှမ်းတွေရှိနေခဲ့ကြသည်။ ပါပါးရဲ့ စီးပွါးရေး
အကွက်မြင်တတ်ပုံကိုစည်သူက အမွေရလိုက်ပုံပါပဲ။

"ငါလည်း နောက်တစ်နှစ် M.Scအတွက်
စာလုပ်တော့မလို့"

"ဟိုကို ပြောင်းမှာလား အလုပ်က"

"အလုပ်ထွက်မှာ အိမ်မှာပဲ ညနေပိုင်းလောက် ဆေးခန်းဖွင့်မလားလို့"

"နောက်တပတ် ကျောက်မျက်ရတနာပြပွဲအတွက် အဖိုးက နေပြည်တော်လာမယ်တဲ့ လိုက်သွားမလို့"

"သွားလေ ယောက်ဖရောပါမှာလား"

"မပါဘူး အဖိုးနဲ့ မန်နေဂျာပဲထင်တယ်"

" မင်းကို ကားဝယ်ပေးဖို့တောင်ပြောနေသေးတယ်
တွေ့ထားလား သဘောကျတဲ့ ကားက"

" အဲ့တာကြောင့် အဖိုးကို နေပြည်တော်ကနေ
ဒီခေါ်လာမလို့လေ"

" အင်း အင်း ငါအားတဲ့နေ့ဆို လိုက်ခဲ့ပေးမယ်"

" ဦးလေးရော"

"ရှိနေတဲ့ကားတောင် ပြန်ရောင်းချင်နေတာ"

ကိုယ့်အပြောကို စည်သူက ရယ်သည်။ ငယ်ငယ်ထဲက
သူများတွေ ဘာမလို့ ကိုယ့်ကိုလဲ အဲ့တာဝယ်ပေးရမယ်ဆိုတာမျိုး တစ်ခါမှမရှိခဲ့ဖူးသလို မာမားဆင်တာဝတ် မာမားဖြည့်ဆည်းပေးတာတွေက ပြည့်စုံနေပြီးသားမလို ဘာလိုချင်တယ် ဆိုပြီး တောင်းဆိုတယ်ဆိုတာမရှိခဲ့။

ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်အောက် မာမားနှင့် အစ်မဖြစ်သူက
ဖြည့်ဆည်းပေးချင်တာတွေက အလွန်အကြူးပေမယ့် ကိုယ်က ငြင်းခဲ့တာကြီး။ နောက်ဆုံး ဒီကွန်ဒိုကိုတောင် မာမားက ကိုယ့်နာမည်နှင့်ဝယ်ပေးပြီးမှ သိရတဲ့အဖြစ်။

အလုပ်ဆင်းနေတဲ့တစ်လျှောက်လဲ
ဟော့ဟော့ရမ်းရမ်းသုံးစွဲတာမျိုးမရှိခဲ့။ မပိုးတို့ ကိုမျိုးတို့နှင့်သာ နားရက် အတူစားသောက်တာမျိုး၊ တစ်ခါတလေ စည်သူတို့အုပ်စုနဲ့ ဘားတွေ လိုက်ထိုင်တာမျိုးလောက်သာရှိသည်။ ထိန်းချုပ်နေခဲ့တာမျိုးမဟုတ်ဘဲ ကိုယ်တိုင်က ဝါသနာမပါတာမျိုးဖြစ်နေခဲ့တာလည်း ပါသည်။

 NYAN'SWhere stories live. Discover now