အပိုင်း(၃၁)

Start from the beginning
                                    

ရေချိုးပြင်ဆင်ပြီး စည်သူလည်းမနိုးသေးတာကြောင့်
အသိပေးမနေတော့ဘဲ ဖုန်းကိုပိတ်ပြီးထားခဲ့မှာမလို့
ဖုန်းးမပိတ်ခင် massage တစ်စောင်ကို စည်သူဆီပို့ကာ အသိပေးလိုက်သည်။ ကျန်တဲ့လူတွေလား ...။
ခေါင်းတွေခါပစ်လိုက်သည် စိတ်ဖိစိးဒဏ်ကို ကုသမှုခံယူရသည်အထိ ဖြစ်ခဲ့ဖူးတာမလို့ တစ်ခါတလေ ကိုယ့်ဘာသာကိုယ်လည်း ချစ်ဖို့ သတိပေးရသေးသည်။

မနက်စာကို လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အဆာပြေလောက်သာ ဝင်စားပြီးကတည်းက ဘတ်စ်ကားပေါ်မတက်သေးဘဲ လမ်းလျှောက်လာလိုက်တာ နေက ခေါင်းပေါ်တည့်တည့်ရောက်နေပြီဖြစ်သည်။ ဉာဏ်လက်ဆောင်ပေးထားတဲ့ ဦးထုပ်လေးဆောင်းထားပေမယ့် အပူဒဏ်က မခံနိုင်သည်အထိ တိုးလာသည်မို့ နေ့လည်စာတစ်ခုခုဝင်စားရင် နားဖို့ပြင်လိုက်သည်။ ပြီးမှ ပန်းဆိုးတန်းဖက်သွားကာ စာအုပ်ဟောင်းဆိုင်တွေက်ို ပတ်မည်တွေးထားသည်။

တနေကုန် လျှောက်သွားပြီး ၃နာရီကျော်ကတည်းက
ကန်ဘောင်ပေါ်မှာ ဝယ်လာတဲ့ စာအုပ်ကိုထိုင်ဖတ်နေတာ ပြီးသွားမှ လက်ကနာရီငုံ့ကြည့်မိတော့ ၅နာရီခွဲတော့မည်။ အပြန် မြေနိီကုန်းက ငါးကင်ဝယ်ပြီး အိမ်ပြန်မည်ဟု တွေးကာ ထရပ်ပြီး အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

"ပြန်လာပြီလား"

"အင်း ငါးကင်ဝယ်လာတယ်"

တံခါးဖွင့်ပေးရင် မေးလာတဲ့စည်သူက ကိုယ်ဒီလိုသွားတတ်တဲ့အကျင့်ကို သိနေလို့ ထွေထွေထူးထူးတော့ မေးမလာခဲ့။

" တနေကုန် အိမ်မှာပဲရှိနေတာလား"

"အင်း"

"ဗိိုက်ဆာပြီလား ထမင်းစားမယ်လေ"

ထမင်း ခူးခပ်ပြီး steel တူ ကိုယ်စီကိုင်ကာ စားဖို့ပြင်လိုက်ကြသည်နှင့် စည်သူက စကားစသည်။

" သားငယ်က ဖေဖော်ဝါရီလ အလယ်လောက်သွားမှာဆို"

" ဟုတ်လား"

"မသိဖူးလား"

" မပြောသေးဘူး"

"ဘွဲ့ယူပြီးရင် အိမ်ပဲပြန်တော့မယ် အဖိုးကဆိုင်အတွက်
စစီစဉ်ကြရအောင်ပြောတယ်"

 NYAN'SWhere stories live. Discover now