Chapter 11 : Mishap (A)

Comincia dall'inizio
                                    

"နှစ်ခုလုံးမဟုတ်ဘူး"

ပိုင်ရှောင်ရှန်းနဲ့ ကျန်းဖေးယွီတို့ ပြောစရာစကားမဲ့သွားတယ်..။

ဖန့်ချူကတော့ အခုတစ်ခါတည်း အိမ်ပြန်သွားချင်နေပြီ.. သူက မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်ရင်း

"ဒီနေ့ကစပြီး ကျွန်တော်က ချမ်းသာတဲ့မိသားစုတစ်ခုဆီကို လက်ထပ်လိုက်တော့မှာ ပြီးတာနဲ့ ဘဝရဲ့အထွတ်အထိပ်ကို ရောက်သွားတော့မယ်..။ ကျွန်တော် အဲ့ဒီနေရာကိုရောက်သွားတာနဲ့ ခများတို့ကို ထောက်ပံ့ပေးမှာပါ.. ဟားဟားဟားဟား"

[TN : အကြံကြီး ကြံစည်နေသော ဖန့်ဖန့်လေးတစ်ယောက် မကြာခင်ကြုံရတော့မယ့်အရာတွေကို မသိရှာသေးပါဘူး🤭]

ပိုင်ရှောင်ရှန်းနဲ့ ကျန်းဖေးယွီတို့ ပြောစရာစကားမဲ့သွားတယ်..။

ဖန့်ချူရဲ့ ရယ်သံကြောင့် အာရုံပျက်သွားရတဲ့ ဘေးနားမှာ အိမ်စာထိုင်လုပ်နေခဲ့တဲ့ ဝမ်ထောင်လေးက သူ့ကိုကြည့်လာတယ်..။ ဝမ်ထောင်လေးက ကျယ်လောင်စွာ အော်ပြောလိုက်တယ်..။

"ဦးလေးဖန့်ချူ.. ဦးလေး မျက်နှာပိုးလေးကို သတ်လိုက်ပါဦး"

ဖန့်ချူက ခေါင်းရမ်းလိုက်ကာ
"ငါ အတည်ပြောနေတာ"

သူပြောပြီး ထွက်သွားတော့မလို့ကို ဝမ်ဖုန့်က မီးဖိုချောင်ထဲကနေ ထွက်ချလာတော့တယ်..။ သူက အင်္ကျီလက်အနားတွေကို ပြန်ချထားပြီး ဖန့်ချူထွက်သွားဖို့လုပ်နေတာကို မြင်လိုက်တော့ အံ့အားသင့်သွားပြီး

"ဘာဖြစ်နေတာလဲ"

ဝမ်ထောင်းက ဖန့်ချူအစားဖြေပေးလိုက်တယ်..

"ဦးလေးဖန့်ချူကပြောတယ်.. သူက ချမ်းသာတဲ့မိသားစုနဲ့လက်ထပ်တော့မှာတဲ့.. ပြီးရင် ဘဝရဲ့အထိတ်အထိပ်ကို ရောက်သွားမယ်တဲ့.."

ဝမ်ဖုန့် ပြောစရာစကားမဲ့သွားတယ်..။ ခဏနေမှ ဝမ်ဖုန့်တစ်ယောက် ဟန်မဆောင်နိုင်စွာ ရယ်လိုက်ပြီး

"ထောင်ထောင်း.. အပေါ်တက်ပြီး မင်းအမေအတွက် ညစာယူသွားပေးလိုက်ဦး.. အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ကွာ"

ဝမ်ထောင်းလေးတစ်ယောက် စိတ်ရှုပ်ထွေးသွားကာ တွေးလိုက်တယ်..
အဓိပ္ပာယ်မရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ.. သားက ဦးလေးဖန့်ချူပြောတာကို ပြန်ပြောပြရုံတင်လေ..

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းDove le storie prendono vita. Scoprilo ora