မနက်စာစားတဲ့အထိ ထိုကောင်လေးကပျောက်နေသည်။မားတစ်ခုခုခိုင်းလို့ များလားလို့တွေမိတော့အားနာမိသည်။အေးစက်နေတဲ့အချိန်ကြီးမှာ တစ်ခုခုကိုပြေးလွှားပြီး ဝယ်ခိုင်းလိုက်တာများလား။

"မား ! "

ပေါက်စီသေးသေးတစ်ခုကိုပါးစောင်ထဲအပြည့်ထည့်ပြီးခေါ်တော့ သူ့ရဲ့အသံကဗလုံးဗထွေး......

"ပြောလေ အားကျန့် "

"ဟို အူတူတူကောင်ရော "

မထီသလိုမေးတော့ မားရဲ့မျက်စောင်းကသူ့ဆီဒိုင်းကနဲ။ဒါလေးပြောတာကို သူ့မှာအရမ်းအဖြစ်သည်းနေတာ သူ့သားအရင်းလည်းမဟုတ်ပဲ ! အဟက် သားအရင်းမဟုတ်ဘူးဆိုတာကိုသာအပြင်မှာထုတ်ပြောကြည့် မားခေါင်းပေါက်အောင်ခေါက်တာကို ခံရအုံးမည်။

"ဖန်းယီကိုသွားကြိုပေးတယ်! ကလေးမက မနေ့ညတုန်းကသူ့သူငယ်ချင်းအိမ်မစာလုပ်ဖို့အိပ်တယ်ဆိုလား~အဲ့တာ မနက်စောစောသွားကြိုဖို့ သူ့မားက အကူညီတောင်းထားလို့လေ "

ရှောင်းကျန့်က စားလက်စတူကို ခုံပေါ်ခွက်ခနဲနေအောင်ချလိုက်သည်။ဒီလိုအရေးမပါတဲ့ကိစ္စကိုလုပ်ဖို့အတွက် အေးစက်နေတဲ့ နေရာကိုအပြေးသွားတာလား။တရားကျဖို့ကောင်းလိုက်တာ ဟိုနေ့ကတော့မကြိုက်ဘူး ဖင်ပိတ်ငြင်းနေပြီးတော့ အခုသွားတောင်ကြိုသတဲ့။ဘယ်လိုတောင်ကလိမ်ကျတာလည်း !

"သြော် အဲ့တာ မင်းရဲ့စက်ဘီးကိုလည်း ခဏယူသွားတယ် အလုပ်ချိန်နီးလို့ပြန်မရောက်သေးရင် မြစ်ဆိပ်နားထိလမ်းလျှောက်ပြီး ဆိုင်ကယ်ငှားသွားလိုက်နော် အားကျန့် "

"မား ! "

ရှောင်းကျန့်ရဲ့အော်သံကြောင့် မားက နားကိုယောင်ယမ်းပြီးအုပ်သည်။

"ဟဲ့ ဘာလို့အော်နေတာတုန်း "

"မား သားစက်ဘီးကိုဘာလို့ ထည့်ပေးလိုက်တာလည်း သူ့ဘာသာဖွန်ကြောင်ပြီးသွားကြိုတာကိုလေ "

"နင့် စက်ဘီးဆိုတော့ နင်နင်းလို့လား သားဝမ်ပဲအမြဲတမ်းနင်းပြီးလိုက်ပို့နေတာမဟုတ်လား "

ရှောင်းကျန့်ကနှာတစ်ချက်မှုတ်ပြီး အသင့်ပြင်ပေးထားတဲ့ ထမင်းချိုင့်ကိုဆတ်ကနဲဆွဲကာ တိုက်အောက်ကိုဆင်းလာလိုက်သည်။အရင်ဆိုအေးလို့ အလုပ်ချိန်နားနီးမှ ဆင်းလာတတ်ပေမဲ့ အခုတော့ မားနဲ့ပြိုင်ပြီးစကားနိုင်မလုချင်တော့လို့ပေ။

Remember me❣(YiZhan)Where stories live. Discover now