Part 40(Uni +Zaw)

Start from the beginning
                                        

ရီပေါ်နဲ့ ရှောင်ကျန့်စကားအတော်ကြာပြောပြီးမှ ကလေးကို သတိရကာ ဘေးဘီကြည့်လိုက်တော့ ရီလျှို့ ချီထားတာကို တွေ့ကြရသည်။ ရီပေါ်နဲ့ ရှောင်ကျန့် တစ်ယောက်မျက်နှာ တစ်​ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီးမှ ရီပေါ်က သူ့ရဲ့ သားတွေစီသွားသည်။



"သားလေးက မင်းကိုကိုရဲ့ လက်ကို စို့နေတာဘဲ ဗိုက်ဆာနေပြီလား"

"အယ်......ခစ်ခစ်"


ကလေးက ချစ်စဖွယ် အသံလေးနဲ့ ရယ်လိုက်တော့ လူကြီးသူံးယောက်လုံး ပြုံးမိကြသည်။ ရီပေါ်က သူ့သားလက်ထဲမှ ကလေးကို ပြောင်းချီလိုက်ပြီး ရှောင်ကျန့်နားကို သွားချပေးလိုက်တယ်။



ရှောင်ကျန့်က သူ့သားလေးပါးကို ဖွဖွလေး နမ်းလိုက်ပြီး နို့တိုက်လေသည်။ ကလေးလေးက မျက်လုံးလေးမှေးကာ တစ်ပြွတ်ပြွတ်နဲ့ နို့ စို့တော့သည်။



ရီပေါ်က

"ရီလျှို့ မင်းအိမ်ပြန်ပြီး နားလိုက်တော့ မနက်ဖြန်ကျရင် အဖေတို့ ဆေးရုံဆင်းလို့ရပြီ"

"ဟုတ်ကဲ့ အဖေ လိုတာရှိရင် ဖုန်းဆက်လိုက်နော်"

"ကောင်းပြီ"


✨✨✨✨✨✨✨✨✨✨✨✨✨


ရီလျှို့ တိတ်ဆိတ်နေတဲ့ အခန်းထဲကို ဝင်လိုက်ပြီး စေ့စေ့ကြည့်လိုက်တော့ အရင်ကလို အခန်းက ရှုပ်မနေတော့ပါ။ အခန်းတွင်း အပြင်အဆင်တွေကို သူအကုန်ပြန်ပြောင်းလိုက်တာမို့ တစ်ခန်းလုံး အဖြူရောင်တွေနဲ့ ပြည့်ကာ ရှင်းလင်းနေသည်။


ဆိုဖာ တစ်ယောက်အိပ် ကုတင် စားပွဲ တစ်လုံးဘဲ ရှိသည်။ ကိုယ်လက်သန့်စင်ပြီးတော့ ကုတင်ပေါ် တက်ကာ လှဲရင်း ပြန်စဥ်းစားလိုက်သည်။


သူကိုမာ ဖြစ်ပြီး သတိရတုန်းက ဖြစ်သမျှအားလူံးကို ပြန်ကြားရသည်။ အထူးသဖြင့် ရွယ်ယိ့ အကြောင်းပေါ့။ သူမ့ကို ချက်ချင်း ကွာရှင်းဖို့ လုပ်ပေမဲ့ သူမ့ရဲ့ မိဘတွေက တောင်းပန်တာကြောင့် သူ မကွာရှင်းလိုက်ရပေ။


သူတို့သမီးက စိတ်ဝေသနာ ဖြစ်လို့ ဆေးရုံမှာ နေရတယ်ဆိုပြီး သတင်းထွက်နေတာ သူကပါ ကွာရှင်းရင် သူတို့ရဲ့ သမီးလေး သနားဖို့ ကောင်းပါတယ်။ လူမှု့အသိုင်းအဝိုင်းမှာ ပြောစရာ ဖြစ်မယ်ဆိုပြီး ဝိုင်းတားတာ​ကြောင့် ရီလျှို့ စိတ်လျော့လိုက်ရခြင်း ဖြစ်သည်။


Arr Ah Daddy (Complete)Where stories live. Discover now