Part 40(Uni +Zaw)

Start from the beginning
                                        

ဒေါက်တာ စကားတောင် မဆုံးသေးဘူး။ ရီပေါ် ပြေးဝင်သွားလေသည်။ ရီလျှို့ကလဲ ဒေါက်တာ့ကို နှုတ်ဆက်ပြီး အနောက်မှ လိုက်ဝင်သွားလေသည်။


ရီပေါ် အထဲဝင်သွားတော့ သူနာပြုမလေးက သူမ့လက်ထဲက အနှီးဖြူထုတ်လေးနဲ့ ကလေးကို လက်ထဲ ထဲ့ပေးမလို့ အနားသွားပေမဲ့ ရီပေါ်က သူမတို့ကို မြင်ပုံမပေါ်။ ကုတင်ပေါ် လဲနေတဲ့ ကလေးအဖေစီကို တန်းနေအောင် သွားတာ​ကြောင့် သူနာပြုမလေးတောင် ကြောင်သွားသည်။


ရှောင်ကျန့်ကို ကြည့်လိုက်တော့ မျက်နှာမှာ ဖြူဖျော့နေပြီး နှဖူးလေးတွင်ပင် ချွေးလေးစို့နေသည်။


ရီပေါ် အနားကို သွားလိုက်ပြီး ရှောင်ကျန့် မျက်နှာလေးကို တယုတယ ကိုင်လိုက်ကာ

"နေလို့ကောင်းရဲ့လား ကျန့်လေး
ကိုယ်နောက်ကျသွားတယ်"

"ရပါတယ် daddy "


ရီပေါ်က ရှောင်ကျန့် နှဖူးလေးကို နမ်းလိုက်ပြီး ပိန်သွားတဲ့ ဗိုက်ကလေးပေါ် လက်လေးတင်ပြီး ဖွဖွလေး ပွတ်နေလိုက်သည်။


ရီလျှို့ အထဲရောက်တော့ သူ့အဖေနဲ့ ပါးပါးနဲ့က ချစ်ကြည်နူးနေကြပြီး ကလေးကိုတော့ သတိရပုံမပေါ်။ အနှီထုတ်လေးထဲက ချစ်စဖွယ် ကလေးငယ်မှာ သူနာပြုမလေး လက်ထဲတွင် အဖော်မဲ့လျှက်။



ရီလျှို့ သူနာပြုမလေး လက်ထဲက ကလေး​ကို သူ့လက်ထဲ ပြောင်းခေါ်လိုက်သည်။ သူနာပြုမလေးကလဲ ကလေးကို ပေးပြီးတာနဲ့ အခန်းထဲက ထွက်သွားလေသည်။


ရီလျှို့ အနှီးထုတ်လေးထဲက ကလေးကို ကြည့်လိုက်တော့ မျက်လုံးပြူးပြူးလေးနှင့် သူ့ကို ပြန်ကြည့်နေသည်။ ပါးလေးနှစ်ဖက်က ရဲနေသည့် နီတာရဲလေးပင်။ ဖြူဥနေသော အသားအရည်လေးနှင့် ထိကြည့်လိုက်တော့ နူးညံ့ နေသည်။



အဖေနဲ့ ပါးပါး စပ်ကျထားတဲ့ သူ့ရဲ့ ညီငယ်လေးက အင်မ​တန်မှ ချစ်စရာ ကောင်းလှသည်။ သူ့ကိုလဲ ရယ်ပြနေသေးသည်။


ရီလျှို့က သု့လက်ညိုးလေးနဲ့ ပါးလေးကို ထိကြည့်တော့ ကလေးက အဲ့လက်ကို သူ့လက်သေးသေးလေးနဲ့ ဖမ်းဆုတ်ကာ သူ့ပါးစပ်ထဲ ထည့်ပြီး တစ်ပြွတ်ပြွတ်နဲ့ စုတ်နေသည်။



Arr Ah Daddy (Complete)Where stories live. Discover now