Part 40(Uni +Zaw)

Start from the beginning
                                        

လက်မှတ်ထိုးပြီးပြီးချင်း ရှောင်ကျန့်ကို ခွဲစိတ်ခန်းထဲ သွင်းသွားကြလေသည်။ ရီလျှို့က အပြင်ကနေ တစ်ယောက်ထဲ စောင့်နေရတာပေါ့။


၁၅မိနစ် လောက်ကြာ​တော့ ရီပေါ် ရောက်လာတယ်။ ရီလျှို့က သူ့အဖေရောက်လာတာနဲ့ ချက်ချင်း အဖေ့စီကို သွားတယ်။


"အဖေ"

"အင်း ကျန့်လေးရော"

"ခွဲစိတ်ခန်းထဲ ဝင်သွားပြီ
ပြီးတော့ တောင်းပန်ပါတယ်"

"ဘာလို့လဲ"

"ကျွန်တော် အုပ်ထိန်းသူ နေရာမှာ လက်မှတ်ထိုးပေးလိုက်မိတယ်
အဖေ့ကို စောင့်ရင် ကြာနေမှာ စိုးတာနဲ့"

"ရပါတယ် မင်း အပြစ် မဟုတ်ပါဘူး
မင်းပါးပါးကို ကူညီပေးလို့ ကျေးဇူးပါ"

"မဟုတ်တာ ကျွန်တော် လုပ်သင့်တာဘဲလေ"

"အဲ့တာဆို စိတ်ထဲ မထားနဲ့တော့ မင်းပါးပါးနဲ့ ညီလေးကို အချိန်မှီ ကူညီပေးတာဘဲ"

"ဟုတ်ကဲ့"


တစ်နာရီ ကျော်တာတောင် ခွဲစိတ်ခန်းထဲက မထွက်လာသေးတာကြောင့် ရီပေါ်နဲ့ ရီလျှို့တို့ သားအဖ အရှေ့မှာ မထိုင် နိုင်ဘဲ မတ်တပ်ရပ်နေကြလေသည်။ တည်ငြိမ်သူကြီး ရီပေါ်ကတော့ ခေါက်တုန့် ခေါက်ပြန် လျှောက်နေသည်။


စကားစလာသူက ရီပေါ်ပင်။

"ကလေးမွေးတာ တော်တော် ကြာတာဘဲ"

"ဟုတ်တယ်အဖေ "

"ကျန့်လေး အဆင်ပြေလောက်လား မသိဘူး"

"ခွဲစိတ်ခန်းထဲ မဝင်ခင်ကတော့ အော်နေတယ် တော်တော် နာတယ်နဲ့ တူတယ်"



ရီပေါ် အတွေးများသွားသည့်နှယ် ဘာမှ ဆက်မပြောတော့ချေ။ ရီလျှို့ လဲ ဘာမှ မပြောတော့ဘဲ ဆက်ပြီး မတ်တပ်ရပ်နေသည်။

၁၀မိနစ် လောက်နေတော့ ဆရာဝန်ထွက်လာလေသည်။


"ဂုဏ်ပြုပါတယ် သူဋေးကြီးဝမ် သားလေး အဆင်ပြေချောမွေ့စွာနဲ့ မွေးလာပါပြီ"

"ကျေးဇူးပါ ဒေါက်တာ အခန်းထဲ ဝင်လို့ ရပြီလား"

"ဟုတ်.....ဟုတ်ရပါပြီ"


Arr Ah Daddy (Complete)Where stories live. Discover now